
Windows 8 မှာ ဖုန်း Driver (ADB /Fastboot driver) တွေ သွင်းတဲ့ အခါမှာ Error တွေ တက်နေရင်
ဖြေရှင်းဖို့ နည်းလမ်း တစ်ခုပေးပါမယ်။
ဒီနည်းကိုရဖို့ အတွက် သုံးရက်လောက် ခေါင်းစား ခဲ့ရပါတယ်။
Driver တွေ သွင်းတာမှာ အင်တာနက် ကနေ download လုပ်ထားတဲ့ Driver ကလည်း မှန်ကန်တယ်
ကွန်ပျူတာမှာလည်း မသွင်းရသေး ဘဲနဲ့ Driver ရှိပြီးသားတို့ encountering problem တို့ can not
install တို့ စသဖြင့် error တက်လာရင် ဘာမှ ဆက်မလုပ်ပါနဲ့ Windows 8 ရဲ့ “Settings ထဲကို ၀င်
လိုက်ပါ ။
ပြီးရင် Change PC Settings-> General-> Adavanced Startup-> ထဲကိုဝင်ပြီး Restart
ဆိုတဲ့ ခလုတ်ကို နှိပ်ပါ။
Restarting ဖြစ်သွားပြီး ခဏအကြာမှာ Screen တစ်ခုနဲ့ ထပ်ပေါ် လာပါမယ်။
အဲဒီထဲက Troubleshoot -> Startup Options ထဲကိုထပ်ဝင်လိုက်ပါ။
စက်က လုံးဝ restart ကျသွားပါမယ်။
Windows ပြန်တက် လာရင် Screen တစ်ခုနဲ့ ထပ်ပေါ်လာပါမယ်။
အဲဒီထဲက နံပါတ် ၇ ခုမြောက် option “Usually “Disbale Driver Singnature Reinforcement “ကို
ရွေးချယ်ရမှာ ဖြစ်တဲ့ အတွက် ကီးဘုတ်ပေါ်က နံပါတ် ၇ ခလုတ်ကို နှိပ်လိုက်ပါ။
Windows ပြန်တက် လာပြီဆိုရင် ခုနက သွင်းမရ ဖြစ်နေတဲ့ Driver ကို Computer ရဲ့ Device
Manager ထဲဝင် သက်ဆိုင်ရာ Device ရဲ့ ? သင်္ကေတ ဖြစ်နေတဲ့ device မှာ update driver >
manually update from computer ကိုရွေးပြီး ကွန်ပျူတာထဲကို အသင့်ဒေါင်းထားတဲ့ အရင်က
သွင်းမရ ဖြစ်နေတဲ့ ဖုန်း adb/fastboot driver ကို သွင်းလိုက်ပါ။
Install Anyway or not ဆိုတဲ့ Warning Box တစ်ခုတက်လာပါမယ်။
Install AnyWay ကိုပဲရွေးပေးလိုက်ပါ။
Driver ကို အောင်မြင်စွာ install လုပ်နိုင်ပြီ ဖြစ်ပါတယ်။
Thet Naing Soe (Myanmar Mobile App Store)
Myanmar Mobile App by သက်နိုင်စိုး







No comments:
Post a Comment