#Label1 ul{ max-height:500px; overflow:auto; } #Label1 ul::-webkit-scrollbar { height:12px; width: 12px; background: #333;} ::-webkit-scrollbar-thumb { background-color: #ccc; -moz-border-radius: 10px; border-radius: 10px; } /* AungAungms Style */ #BlogList1 .widget-content { height: 200px; overflow: auto; }
Blogger Tips And Tricks|Latest Tips For BloggersFree BacklinksBlogger Tips And Tricks
Wellcome To My Blog

Saturday, September 7, 2013

iPhone မှာ Lock / Unlock ဘယ်လိုသိနိုင်မလဲ



iPhone မှာ Lock / Unlock ဘယ်လိုသိနိုင်မလဲ ဆိုပြီး အီးမေးထဲကို တစ်ယောက်က မေးလာပါတယ်.. ကျွန်တော် iPhone နဲ့ပတ်သက်လို့ တော်တော် မသိတာပါ.. (iPhone မှ မသုံးနိုင်တာ. :P) လေ့လာမိသမျ ကို မျှဝေလိုက်ပါတယ်..

Lock လုပ်ထားတယ်ဆိုတာ. ထုတ်လုပ်သူက ရောင်းချမယ့် နိုင်ငံရဲ့ Network မှာပဲသုံးလို့ရအောင် လုပ်ထားတာဖြစ်တဲ့အတွက် Network တိုင်း သုံးလို့မရပါဘူး.. ဥပမာ အမေရိကန် Lock ဖုန်းဆိုရင် အမေရိကန်ရဲ့ Sim Card ထည့်ပြီး အဲဒီ Sim Card ရဲ့သုံးနိုင်တဲ့ Network အတွင်းမှာပဲ သုံးလို့ရမှာ..
အကြမ်းအားဖြင့် ဒီလိုစစ်ကြည့်နိုင်ပါတယ်..
1. Setting >> General >> About >> Model မှာ MC9022LL , MD368J စတဲ့ နံပါတ်တွေကို တွေ့ရမှာပါ.. Model ရဲ့ နောက်ဆုံးအက္ခရာဖြစ်တဲ့ LL ဆိုတာ USA(တစ်ချို့ LL ရဲ့နောက်မှာ LL/A လို့လည်းပါတတ်တယ်) , J ဆိုတာ Japan စတဲ့ နိုင်ငံတွေက ထုတ်တဲ့ ဖုန်းတွေဟာ LOCK ဖုန်းဖြစ်ပါတယ်.. ZA နဲ့ဆုံးတယ်ဆိုရင်တော့ စင်္ကာပူ ဖြစ်ပါတယ်.. ဒါဆိုရင် Unlock Phone ဖြစ်ပါတယ်..
အောက်မှာ ဖေါ်ပြထားတဲ့ တံဆိပ်အမှတ်အသားပါရင် အမေရိကန် Lock ဖြစ်ပြီး အဲဒါမပါရင်တော့ Unlock Phone ဖြစ်တယ်လို့လည်း သိရပါတယ်..




2. နောက်တစ်ခုက မိမိရဲ့ဖုန်းမှာ *#06# လို့ရိုက်ထည့်လိုက်ပါ.. IMEI နံပါတ်ရလာမှာဖြစ်ပါတယ်.. ဒါမှမလဟုတ်. Setting> General> About ထဲမှာ IMEI နံပါတ်ကို ကြည့်နိုင်ပါတယ်.. ရလာတဲ့ IMEIနံပါတ်ကို အောက်က Link မှာ ထည့်ပြီး စစ်ဆေးနိုင်ပါတယ်.
ဒါဆိုရင်တော့ အောက်ကပုံလေးလို Lock or Unlock ကို မြင်ရမှာဖြစ်ပါတယ်..


3. နောက်တစ်ခုက Android Phone မှာ App တစ်ခုကို Install လုပ်ပြီး IMEI ထည့်စစ်တဲ့နည်းပါ..
အဲဒီ App ကိုတော့ အောက်ကလင့်မှာ ဒေါင်းနိုင်ပါတယ်..


iPhone IMEI Permanent Unlock Countries စာရင်းကိုတော့ အောက်ကလင့်မှာ ကြည့်နိုင်ပါတယ်..


လေ့လာဆဲပါ.. ဒီထက်မက သိသူများ Comment မှာ ကိုယ်သိတာကို ရေးပေးခဲ့စေချင်ပါတယ်.. မသိသေးသူတွေလည်း သိအောင်ပေါ့

လေးစားလျက်

မောင်ပေါက်

No comments:

Post a Comment