#Label1 ul{ max-height:500px; overflow:auto; } #Label1 ul::-webkit-scrollbar { height:12px; width: 12px; background: #333;} ::-webkit-scrollbar-thumb { background-color: #ccc; -moz-border-radius: 10px; border-radius: 10px; } /* AungAungms Style */ #BlogList1 .widget-content { height: 200px; overflow: auto; }
Blogger Tips And Tricks|Latest Tips For BloggersFree BacklinksBlogger Tips And Tricks
Wellcome To My Blog

Monday, September 16, 2013

I-Mobile IQ 2, IQ 3, IQ 4, IQ 5 အတွက် Drivers များနှင့် Driver တင်နည်း



I-Mobile IQ 2, IQ 3, IQ 4, IQ 5 အတွက် Drivers တွေကို အောက်ကလင့်မှာ ဒေါင်းပါ...

IQ2 

IQ3

IQ4

IQ5

ကဲ.. ဒေါင်းပြီးပြီဆိုရင် Install လုပ်နည်းဆီသွားကြည့်ရအောင်..
1. မိမိဖုန်းမှာ Setting>Application> Unknown Source ကို အမှန်ခြစ်အရင်ခြစ်လိုက်ပါ...
2. Setting>Application>Develop အတိုင်းဝင်ပြီးတော့  USB Debugging , Stay Awake, Allow mock location တွေရဲ့ဘေးမှာ အမှန်ခြစ်ထားလိုက်ပါ..
3. ဖုန်းကို Computer နဲ့ချိတ်လိုက်ပါ..
4. My Computer ကို Right Click ထောက်လိုက်ပြီး Manage ကိုနှိပ်လိုက်ပါ.. ပြီးရင် Device Manager ကို ထပ်နှိပ်လိုက်ပါ.. ညာဘက်မှာ ကိုယ်တပ်ဆင်ထားတဲ့ ဖုန်းကို ကွန်ပျူတာက မသိသေးကြောင်း အ၀ါရောင် ? လေး ပေါ်နေပါမယ်..
5. အဲဒီ အ၀ါရောင် ? လေးကို ညာကလစ်ထောက်ပြီး Update Driver ကိုနှိပ်လိုက်ပါ...
Install from a list or specific location ( Advanced ) ကိုရွေးပြီး Next ကိုနှိပ်လိုက်ပါ.. ထပ်ပေါ်လာတဲ့အကွက်ထဲမှာ Browse ကိုနှိပ်ပြီး ကိုယ်ဒေါင်းထားခဲ့တဲ့ ဖိုင်ကို ရွေးပေးလိုက်ပါ.. ပထမ Folder ကြီးကို ရွေးပြီး Next ကို နှိပ်ပါ.. မရရင် အထဲမှာ AMD နဲ့ x86 ဆိုတာ နှစ်ဖိုင်ပါတယ်..အဲဒီ ဖိုင်တစ်ခုခုကို ရွေးပြီး Next ကိုနှိပ်ပါ.. Driver Install လုပ်နေတာကို တွေ့ပြီဆိုရင် အိုကေပြီပေါ့.. ကွန်ပျူတာကို
6. Restart ချလိုက်ပြီး ဖုန်းကို ထပ်ချိတ်ကြည့်ပါ.. ခုနကလိုပဲ Manage ထဲက Device Manager ထဲမှာ ကိုယ့်ဖုန်းကို သိပြီဆိုရင် ရပါပြီ...

ဝန်ခံခြင်း... ( ဒီ Driver တွေကို ကျွန်တော် မတင်ဖူးပါ.. လေ့လာမိသလောက် ပြန်လည် ဖောက်သည်ချထားခြင်းသာ ဖြစ်ပါတယ်ခင်ဗျာ.. )

သင်ဆရာ မြင်ဆရာတို့ကို ဦးထိပ်လျက်
 http://www.nyeinchanthu3.blogspot.com/2013

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ

windows 8 မှာ wifi ကိုဘယ်လိုဖွင့် မလဲ


windows 8 မှာ wifi ကိုဘယ်လိုဖွင့် မလဲဆိုတာဒီနေ့ ရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ကဲအောက်မှာလိုက်ကြည့် ပေးကြပါနော်။
ပထမဆုံးအနေနဲ့ command prompt ကိုဖွင့် ပြီး netsh walan show driver ကိုရိုက်ပါ။enter ခေါက်ပါ။Hosted network support: yes လို့ ပေါ်ရင်တော့ အိုကေပါတယ်။Hosted network support:no လို့ ပေါ်ရင်တော့ wifi adapter ကိုပြောင်းပြီး wifi driver ကိုပြန်သွင်းပေးရပါမယ်ခင်ဗျာ။

(အဆင့် -၁)  command prompt ကို as administrator အနေနဲ့  run ပါ
 

(အဆငိ့ -၂) command prompt မှာ netsh wlan set hostednetwork mode=allow ssid=name key=password ဆိုပြီးရိုက်ပါ။ entre ခေါက်ပါ။



(အဆင့် -၃) command prompt မှာ  netsh wlan start hostednetwork  လို့ ရိုက်ပြီး wifi ကိုဖွင့် ပါ။ ပြီးရင် entre ခေါက်ပါ။
(အဆင့် -၄) control panel ကိုသွားပါ။network and sharing center > properties >" allow other network user to connect throught this internet connection "ကိုကလစ်ပေးပါ



(အဆင့် -၅)network name ရဲ့ အောက်မှာHome networking connection. ကိုရွေးပေးလိုက်ပါ။ခင်ဗျာ



အားလုံးကိုကျေးဇူးတင်လျက်။


Website တစ်ခုကို Android Phone တွင်ကြည့်နိုင်ရန်အတွက် Application တစ်ခု ဖန်တီးနည်း



မင်္ဂလာပါခင်ဗျာ..... Website တစ်ခုကို Android Phone တွင်ကြည့်နိုင်ရန်အတွက် Application တစ်ခု ဖန်တီးနည်း မြန်မာလို စာအုပ်ကလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်.... မိတ်ဆွေကြီး Pyae Phyo (MMiTD) ရေးသားထားတဲ့ စာအုပ်ပါ.... စာမြည်းဖတ်နိုင်ရန် ရှေ့စာမျက်နှာ ၅ မျက်နှာကို ဖော်ပြပေးထားပြီး လေ့လာလိုတဲ့ သူငယ်ချင်းများအတွက် Minus, Dropbox နှစ်နေရာတင်ပေးထားပါတယ် ယူသွားလိုက်ပါခင်ဗျာ....


ပုံကြီးကြည့်လိုပါက ပုံကို click ပြီးကြည့်နိုင်ပါတယ်....







အခြားလေ့လာလိုတဲ့ သူငယ်ချင်းများအတွက် Facebook တွင် share လုပ်ပေးကြပါလို့ တိုက်တွန်းပါရစေ ခင်ဗျာ...
Website တစ်ခုကို Android Phone တွင်ကြည့်နိုင်ရန်အတွက် Application တစ်ခု ဖန်တီးနည်း

Minus

>>>  Download  <<< 
dropbox
>>>  Download  <<< 

Download ယူနည်းများ 
                                                 >>>   ကြည့်ရန်  <<<

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
လယ်တီမြေသား www.ledimyethar.com
ဘလော့ခရီးသည် http://aungsanmks.blogspot.com/
 ဓမ္မနှင့်စာပေနန်းတော် www.ninilayy.com/

ကိုယ့်ရဲ့ Facebook ကို လုံခြုံရေးကောင်းအောင် လုပ်နိုင်ပြီ (၅.၅.၂၀၁၃၊ တနင်္ဂနွေနေ့)





ကိုယ့်ရဲ့ Facebook ကို လုံခြုံရေးကောင်းအောင် လုပ်နိုင်ပြီ

၅.၅.၂၀၁၃၊ တနင်္ဂနွေနေ့
ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းတချို့ကို “Trusted Friends” ထဲ ထည့်သွင်းထားခြင်းအားဖြင့် သင့်ရဲ့ Facebook account ခိုးယူခံယူရခြင်းမှ ကာကွယ်နိုင်ပါပြီ။ 
Facebook account ထဲဝင်လို့ မရတော့ဘဲ ပြဿနာ တက်နေတယ်ဆိုရင် သူတို့ အကူအညီနဲ့ ပြဿနာ ပြေလည်စေပါလိမ့်မယ်။
သောကြာနေ့က မိတ်ဆက်လိုက်တဲ့ “Trusted Contacts” ဆိုတာလေးကို Facebook မှာ တွေ့ ရမှာပါ။

Trusted Contacts” ဆိုတာ သင်ရဲ့ လျှို့ ဝှက် နံပတ် (Password) ကို 
 
သူငယ်ချင်းများအကူအညီနဲ့ ပြန်လည်ရယူနိုင်အောင် Facebook က ဖန်တီးပေးလိုက်တာပါ။
 
Facebook က ဒါကို အကောင်အထည်ဖော်ဖို့ စမ်းသပ်နေတာ ၂၀၁၁ ခုနှစ်ကတည်းကဖြစ်ပြီး အခုမှာတော့ 
 
အသုံးပြုဖို့  အဆင့်သင့်ဖြစ်တာကြောင့် ကြာသပတေးနေ့မှာ ထုတ်ပြန် ကြေညာလိုက်တာဖြစ်ပါတယ်။
Trusted Contacts” ဆိုတာ ဒီလိုပါ။

၁။ သင်ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေ ၃ ယောက်ကနေ ၅ ယောက်ထိကို ရွေးချယ်ထားရပါမယ်။
 
၂။ သင့်ရဲ့ Facebook account ပိတ်ခံရတဲ့အခါမျိုးမှာ Facebook က သင်ရွေးချယ်ထားတဲ့ 
 
မိတ်ဆွေတွေဆီကို security codes တွေ လှမ်းပို့ ပေးမှာပါ၊
 
 
၃။ အဲဒီ security codes တွေကို မိတ်ဆွေတွေဆီက ရယူနိုင်ပါတယ်။
ဒီနည်းနဲ့ Facebook account အပိတ်ခံရခြင်း (သို့ ) ခိုးယူခံရခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
နာမည်ကြီးသူတွေရော သာမန် သူလိုကိုယ်လိုတွေပါ ဟက်ကာလက်ချက် ခံနေရချိန်မှာ ပေါ်လာတဲ့ ဒီလို လုံခြုံရေးအစီအစဉ်သစ်ကို Facebook သုံးသူတွေ နှစ်သက်ကြမှာပါ။
ကိုယ့်အကောင့် ဖောက်ထွင်းခံရတာမျိုးက အချိန်မရွေး ကြုံရနိုင်ပါတယ်။ Facebook ကိုယ်တိုင်လည်းကြုံခဲ့ရပါတယ်။
ဒီအကြောင်းကို Facebook လည်း အဟက်ခံလိုက်ရ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီဘလော့http://blog.irrawaddy.org/2013/02/facebook_18.html မှာ ဖော်ပြခဲ့ပြီးပါပြီ။
အခု ပေါ်လာတဲ့ Facebook ရဲ့ နည်းလမ်းသစ်ကို အသုံးပြုခြင်းဖြင့် လုံခြုံရေး မေးခွန်းများ ( Security Question ) နဲ့ သင်မည်သူဖြစ်သည်ကို ဖြေဆိုရတဲ့ ( Web Forms Question) တွေကို အချိန်ကုန်ခံပြီး ဖြေဆိုစရာမလိုတော့ဘူးလို့ သိရပါတယ်။
“Trusted Contacts” ကို စတင် အသုံးပြုမယ် ဆိုရင်တော့ “ Security Settings “ မှာ သင် ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေစာရင်းကို ထည့်သွင်းနိုင်ပါတယ်။
သင့်ရဲ့ မိတ်ဆွေတွေကို “Trusted Contacts” ထဲ ထည့်သွင်းလိုက်တာနဲ့ Facebook က စာလှမ်းပို့ အကြောင်းကြားပေးမှာဖြစ်ပါတယ်။
ဒါပေမယ့် သတိထားရမယ့်အချက်ကို မှာထားပါသေးတယ်။
Facebook Account ရဲ့ လုံခြုံရေးဟာ အိမ်တအိမ်ရဲ့ လုံခြုံရေးလိုပါပဲ တဲ့။
သင်တကယ်ယုံကြည်စိတ်ချနိုင်တဲ့မိတ်ဆွေများကိုသာ “Trusted Contacts” ထဲမှာ ထည့်သွင်းပါလို့ အကြံပြုသွားပါတယ်။
ဆောင်းဦးလင်း ~
ဧရာဝတီ Blog


အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com
www.ledimyethar.com
www.ninilayy.com

phone bill မကုန်အောင် အင်တာနက် free သုံးမယ်



ဒီနည်းလေးးကတော့  ဆိုက်တဆိုက်ကနေတွေ့လို့ ကျနော်ပြန်ရှယ်ပေးလိုက်တာပါ...။အသုံးဝင်မယ်လို့ လည်း ထင်ပါတယ်..။ကျနော်ကိုယ်တိုင်က အင်တာနက်ကို free သုံးနေတာဆိုတော့ သူငယ်ချင်းများ ကိုလည်း ရစေချင်ပါတယ်.....။ဒီနည်းလေးကိုရေးသားတဲ့ ကိုနေလင်းဖြိုး ကိုလည်း အထူးပဲ ကျေးဇူးတင်ပါ တယ်ဗျာ...။ဖုန်းနဲ့ ကွန်ပြူတာ ကို ချိတ်ပြီးသုံးတဲ့ သူတွေ အတွက် တကယ်ကောင်းတဲ့ နည်းလေးပဲဗျာ..။

 ကဲ အားလုံးပဲ ဒီတစ်ခါတော့ Facebook ထဲကကျွန်တော်ဘော်ဒါတစ်ယောက်ဆီကနေ ပိုက်ဆံမကုန်တဲ့ အင်တာနက်ဖုန်းသုံးနည်းကို ဖော်ပြလိုက်ပါတယ်။ သိထားရမှာက နည်းလမ်းတွေကိုရှာဖွေရတာဟာ အိပ်ရေးပျက်ခံ၊ အပင်ပန်းခံပြီးရှာရတာမို့ တစ်ခုခုဖြစ်ခဲ့ရင် အပြစ်မဆိုကြဖို့ ကြိုတင်ပြီး သတိပေးချင်ပါတယ်။ ဒီပို့စ်မှာ မူရင်းပို့စ်ပိုင်ရှင် ကိုယ်တိုင်စမ်းသပ်ဖော်ပြထားတဲ့နည်း၊ သူအသုံးပြုခဲ့တဲ့ Device တွေနဲ့ဆိုရင်တော့ အဆင်ပြေမှာပါ။ အခြား Device တွေကိုလည်း ကျွန်တော်အနေနဲ့ မစမ်းသပ်နိုင်လို့ နားလည်ပေးစေချင်ပါတယ်။ အောက်ကပို့စ်တွေဟာ မူရင်းပို့စ်ပိုင်ရှင်ရဲ့ စာသားအတိုင်းပဲဖြစ်ပါတယ်။ စာလုံးပေါင်းသတ်ပုံတွေကို ပြင်ဆင်ပေးတာက လွဲလို့ပေါ့။ :D

1. 3G အင်တာနက်ဖွင့်ထားသော Sim Card (မှတ်ချက်...GSM လဲရပါတယ်)
2. ကိုယ်ရဲ့ဖုန်းလုံခြုံးရေအတွက် စိုးရိမ်တယ်ဆိုရင် IMEI ကို Fake လုပ်ထားရပါမယ်
(ဒါကတော့ လိုအပ်ချက်မဟုတ်ပါဘူး ကျွန်တော်ကတော့ မလုပ်ဘူးအေးရော India ကဆိုရင်တော့လိုမယ်)
3. လုပ်နည်းကတော့ APN setting ချိန်းတာပါ အောက်မှာဖော်ပြထားပါတယ်။
(မှတ်ချက် ကျွန်တော်ကတော့ Samsung Galaxy Ace (GT-S5830i) andriod version 2.3.6 Root လုပ်ထားပါတယ်။ အဲဒီ Device စမ်းသပ်ထားတာဖြစ်လို့
Galaxy APN ချိန်းနည်းအတိုင်းတင်ပြပါမယ်) Kali Linux-Gnome (32bit) ပါ ဖုန်းကနေ USB Tethering လုပ်လိုက်တာနဲ့ auto ချိတ်ပါတယ်။ ဘာမှလုပ်ပေးစရာမလိုပါဘူး တကယ်လို အဲလိုမရဘူးဆိုရင် Backtrack Myanmar Group ကိုသွားပြီးမေးကြည့်ပါ။

Setting >>>Wireless and networks>>>Mobile networks>>>Acess Point Names
ကိုအဆင့်ဆင့်သွားပါ ပြီးရင် Menu key ကိုနှိပ်ပြီး New APN ကိုရွေးပါ ပြီးရင်

  • ---Name နေရာမှာ 3G free (any) Type 1 WAP လို့ဖြည့်လိုက်ပါ
  • ---APN နေရာမှာ wapwest.cellone.in လို့ရေးပေးပါ
  • ---Proxy နေရာမှာ 110.100.3.2 လို့ရေးပါ
  • ---Port နေရာမှာ 9209 လို့ရးပါ
  • ---User name နေရာမှာ ppp လို့ထည့်ပါ
  • ---Password နေရာမှာ ppp123 လို့ရေးပါ
  • ---Server နေရာမှာ 110.100.3.2:9209 လို့ထည့်ပါ
  • ---MCC တော့ 414 ပါပဲ
  • ---MNC တော့ 01 ပါ
  • ---Authentication type မှာ CHAP ကိုရွေးပါ
  • ---APN type မှာ Internet ကိုရွေးပါ

ပြီးရင် Save လုပ်ပြီး ခုလုပ်ထားတဲ့ APN ကို ON ခဲ့ပါ။

ပြီးရင် အင်တာနက်ကို On လိုက်ပါ သိုမဟုတ် Use packet data ကို အမှန်ခြစ်လိုက်ပါ
ဟုတ်ကဲ့ အင်တာနက် မရသေးပါဘူး ရအောင်လုပ်ရပါအုံးမယ်။
ဘယ်လိုလုပ်ရမလဲဆိုတော့ Kali Linux OS တင်ထားတဲ့ computer မှာ usb tethering ကို on လိုက်ရပါမယ်။ အင်တာနက်တက်ပြီးဆိုတာနဲ့ *124# ကို ဖုန်းက Check လုပ်လိုက်ပါ။
တတ်နိုင်ရင် ဖုန်းထဲက background data တို့ sync တို့ကို ပိတ်ထားလိုက်ပါ ပြီးရင်သုံးလို့ ရပါပြီ။

*_အရေးကြီးဆုံးတစ်ခုက ကွန်ပျုတာမပိတ်မှီ သို့မဟုတ် tethering ကိုမဖြုတ်မှီ ဖုန်းကအင်တာနက်ကို အရင် ပိတ်ရပါမည်။ ဒီလိုမှမဟုတ်ရင်ပိုက်ပိုက်ဖြတ်ပါတယ်_*

MPT က မပိတ်သရွေ့တော့ရနေပါလိမ့်မယ်။ ပိတ်သွားရင် တားတားလဲမတတ်နိုင်ပု ဟိဟိ။

ဖြည့်စွက်ချက် ။ လိုအပ်ချက် တစ်ခုရှိသွားတယ်ဗျ kali မှာသုံးမှ မဖြတ်တာ ကျန်တာတွေမှာဖြတ်တယ်နော် ပြီးတော့ ကွန်ပျူတာမပိတ်ခင် အင်တာနက်အရင်ပိတ်ရတယ်။ မနေ့က kali OS (Gnome) နဲ့ သုံးတာ မဖြတ်လို့ ဒီနေ့ backtrakနဲ့သုံးတော့ ဖြတ်သွားတယ် မကျေနပ်လို့ kali နဲ့ ပြန်သုံးတာ မဖြတ်ဘူး kali ကိုနဲ့အဆက်သွယ်မဖြတ်ခင် အင်တာနက်ကိုအရင်ပိတ်ဖို့မမေ့နဲ့အုံးဗျ။

Screenshot:




  •  Kali Linux ကို ဒေါင်းချင်ရင် ဒီ ကိုသွားပါ။
  • Kali OS, BT တွေအကြောင်းအသေးစိတ်သိချင် ဒီ ဂရုကိုသွားပါ။
အားလုံးပဲ အဆင်ပြေပါစေဗျာ....။
 ရေးသားသူ နေလင်းဖြိုး(နည်းပညာ)
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Facebook ပေါ်က Video တွေကို အလွယ်တကူဒေါင်းယူကြမယ်


 ကဲ  မိတ်ဆွေ တို့ မင်္ဂလာပါ  ခုနည်းပညာလေးကတော့  Facebook ကနေ Video တွေကို ဒေါင်းရတာ အဆင်မပြေသူတွေအတွက်  နည်းလမ်းတစ်ခုပါ  ဒါပေမယ့် တခြားနည်းလမ်းတွေလောက်တော့  မမိုက်လှဘူး  တွေ့ထားတဲ့ နည်းပညာလေးမို့ သိစေလိုရန်  မျှဝေခြင်းသက်သက်ပါ.... တခြားနည်းလမ်းတွေကိုဘဲ သုံးတာ ပိုအဆင်ပြေပါတယ်.. ဒါကတော့ ဗဟုသုတပေါ့နော်....

ကဲ  ပထမဆုံး  မိမိတို့ Facebook က  ဒေါင်းလိုတဲ့  Video ကိုဖွင့်လိုက်ပါ.... အဲကလင့်ကိုကော်ပီယူပါ။။

သည်နေရာ  ကိုသွားလိုက်ပါနော် ဒေါင်းဖို့အတွက်ပေါ့...

 အဲမှာ အေပ်ါပုံလို ဒေါင်းလိုတဲ့ လင့်ကို  ထည့်ပေးလိုက်ပါ  စောစောက ကော်ပီယူလာတာကိုပေါ့...
ဒေါင်းလိုက်ပါ..ပြီးတာနဲ့ သည်လိုလေးတွေ့မယ်..
အပေါ်ကပြထားသလို ဒေါင်းပြီးသော ဖိုင်လေးရပါပြီ..... ကလစ်ကြည့်လိုက်ပါ။။။
အဆင်ပြေပါစေ.... သည်နည်းလေးကတော့ ဗဟုသုတနော်... တကယ်လိုအပ်သူများအတွက်
ဘယ် IDM ဒေါင်းလော့မန်နေဂျာမှ မလိုဘဲ ကောင်းတဲ့ နည်းလေးရှိပါတယ်...
လေ့လာပြီး နှစ်သက်သလို သုံးနိုင်ပါတယ်....ကျေးဇူးပါ

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Android ဖုန်းကနေ wifi ကိုဟက်ကြမယ်

စာလုံး/အကြီး+ နှင့် -အသေး


မင်္ဂလာပါ android ဖုန်းတွေလည်း wifi hack ကျမယ်ကောင်းကောင်းဗျာ။WEP, WPA, and WPA2.အထိတောင်ရတယ်ဗျာ။android version 2.2 နှင့် အထက်မှာအားလုံးအဆင်ပြေပါတယ်။ဖိုင်ဆိုဒ်ကလည်းသေးသေးလေးဗျာ2 mb ထဲပါကဲအောက်မှာပုံလေးတွေကြည့် လို က်ပါအုံးေိေိ။
10263-Wifi_Hacker_Android_Best_Version_V2.2.14667_Apk-0.jpg 
 10263-Wifi_Hacker_Android_Best_Version_V2.2.14667_Apk-1.jpg
ကဲအားလုံးပဲအောက်မှာဒေါင်းယူလိုက်ပါခင်ဗျာ။

ကျွန်တော့် ဘလော့ လေးကိုလာလည်ကျတဲ့ သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်လျက်
အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
ဘလော့ခရီးသည် www.aungsanmks.blogspot.com www.ledimyethar.blogspot.com www.ninilayy.com