ဘန်ကောက်မှာ Forward သီချင်းခွေ အတွက် စိတ်တိုင်းကျ စီစဉ် ခဲ့တဲ့ နန်းဆုရတီစိုး
Posted by Creator Myanmar on 8:14 PM //
နန်းဆုရတီစိုးက သူ့ရဲ့ forward သီချင်းခွေ ကိစ္စအတွက် ဘန်ကောက်ကို သြဂုတ် ၄ ရက်နေ့က ထွက်ခွာခဲ့ပြီး သြဂုတ်လ ၉ရက်နေ့က ပြန်လည်ရောက်ရှိ
ခဲ့ပါတယ်။ သူ့ရဲ့ ပရိသတ်တွေ အတွက် အကောင်းဆုံး လုပ်မယ်ဆိုတဲ့ စိတ်ကူးနဲ့
စေတနာ ထားပြီး လုပ်ဖြစ်ကြောင်းကို နန်းဆုရတီ စိုးက "နန်းစုအခွေ အတွက်gold
disc ကို ဘန်ကောက်က ကုမ္ပဏီမှာ သွားရိုက် တာပါ။ gold disc က ကွာလတီလည်း
ပိုကောင်းတယ်။ noise မပါဘူး။ ကြည်လင် ရှင်းသန့်တဲ့ အသံကို ကြားရတယ်။
အကြာကြီး နှစ်နဲ့ချီ သိမ်းထားလို့ ရတယ်။
အဲဒီ့မှာပဲ ပရိသတ် တွေကို
လက်ဆောင်ပေးမယ့် ပိုစတာတွေရော၊ ဘူးကာဗာရော၊ အတွင်းထဲမှာ သီချင်းစာ
အုပ်ရော၊ အခွေထဲမှာ နံရံကပ်ပို စတာထည့်ပေး ဖို့ရော၊ အဲဒီလိုမျိုးတွေ
အကုန်လုံး package လိုက်ရောင်း ရုံအဆင်သင့်၊ သူကပါကင်တစ်ခါတည်း လုပ်ပေး
ပြီးသားပါ။ နန်းဆု အခွေမှာ printed in thailand ဆိုပြီးပါမယ်။ သူတို့ဆီမှာ
ထုတ်တဲ့ အခွေ အကုန်လုံးက ဆိုင်ပေါ်တင်လိုက်ရင် ဘတ် ၆ဝဝနဲ့ရောင်းတယ်။ မြန်မာ
ငွေနဲ့ဆိုရင် စီဒီတစ်ချပ်ကို သောင်းရှစ်ထောင်ကျော်ရှိတယ်။ ဒါပေမဲ့
ကမ္ဘာကျော် တေးစီးရီး တော်တော် များများရယ်၊ သူတို့နိုင်ငံက ထုတ်သမျှ
အခွေတော်တော် များများက သူတို့ကုမ္ပဏီက ထုတ်တာပဲ။ ဘန်ကောက်က အကြီးဆုံး
ကုမ္ပဏီပဲ။
ပရိသတ်ကို ကောင်းကောင်းပဲ ပေးချင်တယ်။
မူရင်း
အခွေကိုပိုပြီး ဝယ်ချင် စိတ်တွေဖြစ်အောင် မူရင်းအခွေကို
ကွာလတီမြှင့်လိုက်တဲ့ သဘောပါ။ မူရင်းအခွေ ဝယ်ရင်ခွေ disc ကအစ တစ်သက်လုံး
မပျက်ဘဲသိမ်းထား လို့ရတယ်။ ကာဗာပေါ်မှာလည်း နန်းဆုရဲ့ သီချင်းစာသားတို့
နာမည် တို့ကို ဖောင်းကြွတွေထုထားပေးတယ်။ ဆွဲဆောင်မှု ရှိအောင်လို့ပေါ့။
အသံအားဖြင့် ကြည့်ရင်လည်း ပိုပြိးနားထောင်လို့ကောင်းအောင်၊ ကြာရှည်ခံအောင်
ပရိသတ်အတွက် ကွာလတီကောင်းတဲ့ ပစ္စည်း တစ်ခု ကို လက်ထဲထည့်ချင် လို့ပါ။
အဲဒီအတွက် ကုန်ကျစရိတ်က ပိုများသွား တယ်။ ဒါပေမဲ့လည်း ပရိသတ်ကို နန်းဆုရဲ့
မေတ္တာစေတနာတွေ ပေးချင်တဲ့ အတွက် ဒီအခွေကို ဒီလိုမျိုး လုပ်ဖြစ်တာပါ။
နန်းဆု အကြိုက်ဆုံး အရောင် က ရွှေရောင်ဆိုတော့ ဒီတစ်ခေါက်အခွေကို အကုန်လုံး
ရွှေဖြစ်ချင်တာ။ အကောင်းဆုံးလုပ်မယ်ဆိုတဲ့ ဆန္ဒလည်းပါတယ်။ အဲဒါကြောင့် အင်္ကျီက
လည်း ရွှေရောင်၊ ဆံပင်ကလည်း ရွှေရောင်၊ ကာဗာနောက်ခံက လည်း ရွှေရောင်၊disc
ကလည်း ရွှေရောင်အကုန်ရွှေရောင်တွေပဲ လုပ်ထားတယ်။ အမှတ်တရလေးဖြစ်သွားတာပေါ့"
လို့ ပြောပါတယ်။ သူ့ရဲ့မွေးနေ့က စက်တင် ဘာ ၁၈ ရက်နေ့ဖြစ်ပြီး
မွေးနေ့ဝန်းကျင်လောက်မှာ အခွေထွက်ဖို့စီစဉ် ထားကြောင်းနန်းဆုရတီစိုး က
ပြောပါ တယ်။
ခိုင်ဝေလွင်
Tags: အနုပညာကဏ္ဍ


No comments:
Post a Comment