စလစ်ဈေး/အပ်ကားဈေးကျစေချင်ရင်....
စလစ်ဈေး/အပ်ကားဈေးကျစေချင်ရင်လွယ်လွယ်လေးပါ။
free permit အတွက်သတ်မှတ်ပေးထားတဲ့ CIF နှုံးတွေ လျော့ချပေးလိုက်တာ တချက်ထဲနဲ့ ဈေးကွက်ထဲက ကားတွေကောအကုန်ဈေးပြိုဆင်းသွားမှာပါ။
စလစ်ကပ်သွင်းကားတွေအတွက် စလစ်ရဲ့မက်စရာက ကညန ၆၀% အခွန်လျော့ပေးတာလေးပါဘဲ။
Free permit တွေ စပေးမယ်ဆိုပီး သတင်းစထွက်ချိန်မှာ အပ်ကားဟောင်းနဲ့
စလစ်ဈေးသိန်း၄၀-ထိပြိုဆင်းသွားတာမှတ်မိကြမှာပါ။ နောက်ပိုင်းမှမြင့်မားတဲ့
CIF နှုံးနဲ့ အခွန်တွေကြောင့် ထင်သလောက် ဈေးမပေါတော့ဘဲ
စလစ်ဈေးပြန်တက်လာတာပါ။
(စလစ်ကပ်ကားကို ၄၀%--၆၀%လျော့ပေးလို့)
Free permit ကားတွေမှာအသွင်းများကြတဲ့ ၁၃၀၀စီစီလေးတွေရဲ့ အဓိကအခွင့်အရေးက
CIF နှုံးကို 5000$ ပေးပြီး ကညနမှာ ၅၀%ထပ်လျော့ပေးထားလို့သာ
ဈေးချိုချိုနဲ့စီးနိုင်ကြတာပါ
အကယ်၍ free permit ကားတွေ အားလုံး
အင်ဂျင်ပါဝါမခွဲဘဲ အခွန်လျော့ကောက်ပေးရင် (ဥပမာ ၁၃၀၀စီစီတွေလို ကညနမှာ
၅၀%လောက်လျော့ကောက်လိုက်ရင်ကို) စလစ်ရဲ့ အခွင့်အရေးဖြစ်တဲ့ ၆၀%လျော့တာ
မမက်တော့ဘဲ မော်ဒယ်မြင့်မြင့် free permit ကိုဘဲရွေးကြမှာပါ။ကားဟောင်းဖိုး
သိန်းတရာကို အကုန်မခံတော့ဘဲ မော်ဒယ်မြင့်မြင့်ကို
ပိုပေးပြီးကားအသစ်ဖိုးမှာသုံးကြမှာပါ
အဲဒီအခါစလစ်ဈေးတွေလဲမလွဲမသေကျမယ်။(အစိုးရကအခွန်လျော့ရင် လျော့သလောက်ကို
စလစ်ဈေးကျမှာပါ) free permit ကားတွေလဲ (အခွန်သက်သာလာတဲ့အတွက်)
ဈေးကျလာမယ်။ဈေးကွက်အတွင်းက ကားအားလုံးလဲလိုက်ကျလာမယ်---လို့မြင်ပါတယ်။
ကားဟောင်းသမားတွေဘက်က
ငွေသားအနေနဲ့ကြည့်ရင်နဲသွားတယ် ဆိုပေမဲ့ ကားအသစ်တစီးတော့
ပြန်ဝယ်လို့ရမှာပါ။ အခုအချိန်သိန်းတရာနဲ့ကားဟောင်းရောင်းပီး ၁၃၀၀စီစီ free
permit ကားသစ်တစီး ပြန်ဝယ်နိုင်သလို ၊ ကားသစ်ဈေး သိန်း၆၀ လောက်ကျသွားရင်
ကားဟောင်းကိုကော အဲဒီဈေးဝန်ကျင် ရောင်းရရင်မနာပါဘူးဗျာ။ အသစ်အဟောင်း
လဲစီးတယ်သဘောထားပါ။သတိထားပီးကြည့်ရင် ကညန /oss က လက်ရှိလဲ
အဲလိုဖြစ်အောင်ညှိုပေးထားတာပါ။ကားဟောင်းရောင်းလို့ ကားသစ်ပြန်မဝယ်နိုင်ရင်
ဘယ်ပိုင်ရှင်မှ မအပ်ကြတော့ဘူး။ ဒါဆို သူတို့ကားဟောင်းဖျက်မူဝါဒ ရပ်သွားတာ
အဖြစ်မခံဘူးလေ။
"ကိုသူရဆွေ" ရဲ့ အမြင်သုံးသပ်ချက်ပါ။
===========
CM2
www.facebook.com/CarMarketInMyanmar
Photos credits : Independent


No comments:
Post a Comment