ကျွန်တော်အမျိုးအရည်ကျို ကားဟောင်းပိုင်ရှင်များအပေါ် နင်းနှိပ်သော စကားများ
(၁) နိုင်ငံတော်ကိုယ်စား
(၂)ကျွန်တော်အမျိုးအရည်ကျို ကားဟောင်းပိုင်ရှင်များအပေါ် အရည်ကျို ကားဟောင်း ၀ယ်ရောင်းများ - စလစ်သမားများ - ရှိုးရွမ်းများမှ နင်းနှိပ်သော စကားများ
---------------------------------------------------------------------------
ပေါ့ပေါးပါးပါး လေးလေးပင်ပင်အတွေးများ (၄၂) အော်တိုမိုဗိုင်းဂျာနယ်
------------------------------------------------------------------------
ချစ်ရပါသော ကျွန်တော်အမျိုးများ ဖရီးပါမစ်နှစ်ပါတ်လည် (၁) နှစ်ကျော်ကျော်ခန့်မှာ ရှိုးရွမ်းတွေကို (၂၀၀၈) မော်ဒယ်အထက်တွေကို တင်သွင်းခွင့် ပြုလိုက်တာကိုသွေးလန့်နေခဲ့ပါတယ်။ တစ်ခြားတစ်ခြား ၀ယ်ရောင်း-စီးရောင်း-မြတ်ရောင်း တွေရဲ့ ၀ယ်ရောင်း-ပွဲစားထုံးစံပြောစကားတွေကြောင့်လဲ ကြောက်လန့်ကြပြန်ပါတယ်။
အ၀ယ်တွေကလဲ စောင့်ကြည့်ကြပြန်တော့ ကားဟောင်းတွေကို အ၀ယ်ပါးသွားတဲ့အတွက် အမျိုးတွေ ထပ်ပြီးလန့်ကြ ပြန်ပါတယ်။ ကျွန်တော်အမျိုး အရည်ကျိုကားဟောင်းပိုင်ရှင်တွေကလဲ ကားဈေးတက်ရင်တော့ မျက်နှာမာမာနဲ့ မင်းမလိုချင် - မင်းအဖေယူလိမ့်မယ် ဆိုပြီး သွေးအားကောင်းနိုင်ကြပေမဲ့ အမှန်ဖြစ်တာရယ်-ကောလဟလရယ်-၀ယ်ရောင်းသိုင်းကွက်တွေ စုပြုံလာရင်တော့ မျက်နှာငယ်ငယ်နဲ့ တောင်းပန် ပြီးအချို့ကျွန်တ်ာအမျိုးတွေက ချရောင်းဖို့ကြိုးစားလာကြပါတယ်။အဲ့ဒီလိုဖြစ်တဲ့ အနေအထားတွေကတော့ ဈေးကွက်သည် သူ့သဘောသူမဆောင်ဘဲ အလှုပ်တွေကြောင့် အကြောက်အလန့်နဲ့ အရွေ့တွေဖြစ်လာတယ် လို့ သုံးသပ်မိပါတယ်။
ကျွန်တော်အမျိုးအရည်ကျိုတွေကို ၀ယ်ရောင်းသိုင်းကွက်တွေကို ပြောပြချင်ပါသေးတယ်။
(၁) ရှိုးရွမ်းတွေကို (၂၀၀၈) အထက်တင်သွင်းခွင့်ပေးရာမှာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ရှိုးရွမ်းတွေ အကုန်လုံးတင်သွင်းခွင့်ပြုမိန့်ရသွားတာမဟုတ်ဘူးဆိုတာ သိစေလိုပါတယ်။
အစီးရေ (၁၀၀၀)ကျော် တင်သွင်းရောင်းချပြီးတဲ့ ရှိုးရွမ်းတွေတောင် ငွှေအလွှဲပြထားတာက ဆယ်ဂဏန်းခန့်သာ ရှိတဲ့အတွက် ယခု (၂၀၀၈) အထက် ခွင့်ပြုပေးရာမှာ တင်သွင်းခွင့်ပြုမိန့်မရပါဘူးဖြစ်ပါတယ်။ ငွေအလွှဲမပြလို့ မှားလို့ တင်သွင်းခွင့်မပေးဘူးဆိုပြီး ခပ်ပါးပါးကြည့်ရင် မှန်သလိုလိုဖြစ်ပေမဲ့ ဘယ်ရောင်းသူကမှ ငွေမချေဘဲ သူတို့ပစည်းကိုတစ်ခြားသူလက်ထဲ မထည့်ဘူးဆိုတာကိုလဲ ထည့်သွင်းစဉ်းစားသင့်ပါတယ်။
အစီး(၁၀၀) ငွေလွှဲထားတာရှိရမယ်ဆိုတဲ့ စည်းကမ်းချက်သာ အတည်ဖြစ်မယ်ဆိုရင်တော့ -
ကားတစ်စီးကို ဒေါ်လာ (၅၀၀၀) - အစီး (၁၀၀) အလွှဲပြရမယ်ဆိုလျှင်
(၅၀၀၀) _ ၁၀၀ = ၅၀၀၀၀၀ (ဒေါ်လာငါးသိန်း)
ဒေါ်လာငါးသိန်းအလွှဲပြ - အစီးရေ (၁၀၀) တင်သွင်းငွေလွှဲပြီးမှသာ ဖရီးပါမစ်တင်သွင်းခွင့်ပြုမှာ ဖြယ်တယ်ဆိုတဲ့အချက်ကလဲ အရည်ကြိုနဲ့ မဆိုင်ပေမဲ့ အီလည်လည်ကြီးနိုင်လွတ်း လှပါတယ်။
ကွန်ဆိုင်းမန့်စနစ်က အွန်ပေပါပေါ်မှာတော့ အပ်ကုန်စနစ်ဖြင့် ယူရောင်းရမယ်ဆိုပြီးဖြစ်နေခဲ့ပါတယ်။တစ်ခြားနိုင်ငံက ကန်ပနီတွေက ကားတစ်ပါတ်နွမ်းလေးတွေကို ယုံယုံကြည်ကြည်နဲ့ မြန်မာနိုင်ငံက ရှိုးရွမ်းတွေကို ကွန်ဆိုင်းမန့် အပ်ကုန်စနစ်နဲ့ အပ်ပြီး ရောင်းခိုင်းတာမဟုတ်ပါဘူး။
သူတို့ဆီကနေလေလံဆွဲ အမှန်တစ်ကယ်ငွေလွှဲပေးပြီး ၀ယ်ယူပြီးမှသာ သူတို့က မြန်မာနိုင်ငံကို ပို့ပေးတာလဲဖြစ်ပါတယ်။ အဲ့ဒီအခါမှာ စနစ်အရ တင်သွင်းထားတဲ့ကားတွေကို ငွေအလွှဲပြရပါတယ်။ ငွေလွှဲလဲဘာမှ မဖြစ် မလွှဲလဲဘာမှ မဖြစ်တဲ့အတွက် ငွေလွှဲတဲ့ရှိုးရွမ်းရှိသလို ငွေမလွှဲတဲ့ရှိုးရွမ်း ရှိလာခဲ့ပါတယ်။ဒါကြောင့် ဒေါ်လာငါးသိန်းအလွှဲမပြနိုင်သေး ရှိုးရွမ်းတွေက များတယ်ဆိုတာကိုလဲ သိစေချင်ပါတယ်။
ဖြစ်သင့်တာကတော့ ကျွန်တော် အရည်ကြိုနဲ့လိုင်းမတူပေမဲ့ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ ရှိုးရွမ်းတွေအားလုံးကို တင်သွင်းခွင့်ပြုစေချင်ပါတယ်။ ပြောရရင် တော့မူဝါဒအလွှဲကြောင့်သာ ဒီလိုဖြစ်ရတယ် လို့ အရည်ကြိုကတော့ သုံးသပ်ပါတယ်။ ဒါကြောင့် ဒေါ်လာတစ်သိန်း ဘဏ်ထဲထည့် ထားပြီး ငွေကြေးအရအလွှဲပြမထားပေမဲ့ အမှန်တစ်ကယ် တင်သွင်းရောင်းချထားသူ ဖြစ်တယ်ဆိုတာတော့ မငြင်းနိုင်ဘူးတော့ဖြစ်ပါတယ်။
အစကိုပြန်ကောက်ရရင်တော့ လတ်တစ်လောမှာတော့ ကျွန်တော်အမျိုးအရည်ကျိုကားဟောင်းပိုင်ရှင်တွေအနေနဲ့ အဲ့ဒီကိစဟာ တစ်အားကြီးရင်ပူရမဲ့ ကိစမဟုတ်သလို (၂၀၀ဂ) အထက်ကားအသစ်လေးတွေကို လေလံဆွဲပြီး တင်သွင်းပြီး ပြန်လည်ရောင်းချတဲ့ ပွဲစားတန်းက အရည်ကြို မိတ်ဆွေတွေ အတွက်လဲ တစ်အားကြီးရင်ပူစရာမလိုသေးဘူးလို့ ပြောကြားချင်ပါတယ်။ ဖရီးပါမစ်ဖြင့် တင်သွင်းခွင့်(၂၀၀၈) အထက်ကားများကို ရှိုးရွမ်းအားလုံးတင်သွင်းခွင့်ပေးမှသာ အနည်းငယ်စိတ်ပူစရာဖြစ်မယ်ဆိုတာကိုလည်း သိစေချင်ပါတယ်။
နောက်ထပ်ပြောရရင်တော့ ၀ယ်ရောင်း-စီးရောင်း-မြတ်ရောင်း တွေရဲ့ ၀ယ်ရောင်း-ပွဲစားထုံးစံပြောစကားတွေကိုလဲ ပြောကြားချင်ပါသေးတယ်။ (၁) အရည်ကျို ကားဟောင်းပိုင်ရှင်တွေဆီက ကားကိုဝယ်ယူပြီး ကားအသစ်တင်သွင်းခွင့်ပါစ်လိုချင်တဲ့ ကားအသစ်တင်သွင်းသူများ- ရှိုးရွမ်းများ-၀ယ်ရောင်းများ-ပွဲစားများ-အရည်ကျိုကားဟောင်းစလစ်သမားများက (၂၀၀၈)အထက်ကားတွေ ရှိုးရွမ်းတင်သွင်းခွင့်ပေးလိုက်တယ် ကားဈေးကျပြီးဆိုပြီး ပထမဆုံး နင်းလိုက်ပါတယ်။ အမှန်တစ်ကယ်က အရောင်းအ၀ယ်အေးသွားတာက ၀ယ်ရောင်း-ပွဲစားတွေ ကားဈေးကျသွားတာထက် ဈေးကွက်ဘယ်လို ဖြစ်မလဲဆိုတာ သုံးသပ်စောင့်ကြည့်ဖို့ ခနရပ်သွားတာဖြစ်ပါတယ်။
(၂) နောက်ထပ် မ၀ယ်မနေရဖြစ်တဲ့ ကားအသစ်သွင်းသူများ - ရှိုးရွမ်းသမားများက သတင်းဂျာနယ်များကို ကညနက တာဝန်ရှိသူများတောင် တရားဝင်မဖြေကြားနိုင်သေးတဲ့ (အ) အခရာ အပ်ကားများကို (၂၆-၈-၂၀၁၃) ရက်နေ့တွင် သေချာပေါက် လက်ခံမည်ဆိုတဲ့ မှန်သလိုလို မှားသလိုလို သတင်းစကားကိုပေးလာခဲ့ပါတယ်။
အဲ့ဒီသတင်းစကားကိုအသုံးပြုပြီး တစ်ခြား အရည်ကျိုဝယ်ရောင်းတွေပွဲစားတွေအားလုံးဟာ (အ) တွေလက်ခံတော့ မယ် ဒါကြောင့် (သ)တွေ မ၀ယ်တော့ဘူး (အ)ကလက်ခံတော့မယ် ဈေးသက်သာတယ် (အ)ပဲဝယ်တော့မယ်ဆိုပြီးစပြောပါတယ်။
အဲ့ဒီအခါမှာ ရောင်းချတဲ့ ကျွန်တော့်အမျိုးတွေက ၀ယ်ရောင်း (၂) ယောက် (၃) ယောက်လောက်ကို ထပ်မေးပြီး စကားက တစ်လေသံတည်းထွက်လာရင်တော့ မျက်နှာငယ်နဲ့ ကျွန်တော့်ကားလေးဘယ်ဈေးရမလဲဗျာ ဆိုတဲ့အခါမှာ တော့ ၀ယ်ရောင်း-ပွဲစားတွေက ပေါက်ဈေးထက် (၂) သိန်းမှ (၃)သိန်းအထိ နင်းပြီးဈေးဆစ်ကြပါတယ်။
ဈေးတတ်ရင်သာအမျိုးတွေက မကြောက်ကြ တာ အ၀ယ်ရပ်သွားပြီဆိုပြီး ကြောက်လန့်ပြီး ရောင်းချလာခဲ့ကြပါတယ်။
(၃) အမျိုးတွေသတိထားစေချင်တာက လက်ရှိအပ်ကောင်စီးရီး (စ-ဆ-ဇ-ဈ-ည-ဏ-ထ-ဒ-ဓ-န-ပ-လေလံ-ဗ-ဘ-လ-သ) ကသာ ဂျိုကာဖြစ်ပါတယ်။ လက်ရှိ အပ်လို့ရတဲ့ကားကသာ ဒီနေ့ကညနကားအပ် စလစ်ထုတ်လို့ရမှာဖြစ်ပါတယ်။
အပ်လို့မရသေးတဲ့ (အ)ကို ကြိုမွေးတဲ့မွေးမြူရေးသမားကသာ ၀ယ်ပြီး ကညနအပ်စလစ်ထုတ်လို့မရသေးတဲ့ (အ)ကို ဘယ်စလစ်သမားကမှ မ၀ယ်ဘဲ (သ)ကိုသာ ၀ယ်ပြီးစလစ်ထုတ် ကြတယ်ဆိုတဲ့ အချက်ကိုလဲ အရည်ကြိရဲ့ အမျိုး တွေသိရှိစေလိုပါတယ်။
ပြန်ပြောရရင်တော့
(သ) ကားတွေကို ဈေးနင်းချင်ရင် - ]]
(သ)လား မ၀ယ်တော့ဘူး (အ)ပဲဝယ်တော့မှာ (အ)က (၂၆)ရက်နေ့ လက်ခံမှာလေ }}
(အ) ကားတွေကို ဈေးနင်းချင်ရင် -
]] (သ)က ခုအပ် ခုတန်းစလစ်ထွက်တယ် - (အ) ကဘယ်တော့်လာမယ်မှန်းမသိ (ကညန)ကနဦးသတ်တမ်း အနှစ် (၂၀)ကလဲ ဘယ်တော့ပြည့်မယ်မှန်းမသိဘူး }}
]] ရန်ကုန်နဲ့မန်းလေးသာ (သ)က (၆၀%)ပြည့်တာ တစ်နိုင်ငံလုံး (သ)ကားဟောင်းလက်ခံတာ (၆၀%) မပြည့်သေးဘူး}}
]]ဒါကြောင့် (အ)ကလက်ခံဖို့ အဝေးကြီးလိုသေးတယ်}}
]]ငွေက အကြာကြီးအောင်းရမှာ}} ဆိုပြီး ဈေးနင်းပါတော့ ။
အဲ့ဒါတွေကတော့ အားလုံးကို မဆိုလိုပေမဲ့ အမျာအားဖြင့်အရည်ကျိုအပ်ကား ၀ယ်ရောင်း-လုပ်တဲ့သူတွေ - စလစ်သမားတွေ - ရှိုးရွမ်းသမားတွေပြောကြားတဲ့စကားဘဲဖြစ်ပါတယ်။
အားနာနာနဲ့ တစ်ခြားအရည်ကြိုရဲ့ ချစ်လှစွာသော အစ်ကိုကြီးနဲ့ အစ်ကိုလေး အမျိုး(၂)ယောက်အကြောင်းလဲထည့်ပြောချင်ပါသေးတယ်။ ပွင့်လင်းလာတဲ့ အခြေအနေမှာ ၀န်ကြီးဌာနတွေကို ကျွန်တော်တို့အပြင်လောကမှာရော စာနယ်ဇင်းလောကမှာရော ဝေဖန်ထောက်ပြတာတွေရှိလာခဲပါတယ်။
ယခုအချိန် ထိတော့ အရည်ကြိုဝေဖန်ထောက်ပြတာကို ကုန်လမ်းပို့ဆောင်ရေးဦးစီးဌာနရော - ပြည်တွင်းအခွန်ရော ၀န်ကြီးဌာန(၂)ခုလုံး ဆောင်းပါးရှင်အပေါ် လုံးဝဖိအားမပေးဘဲ ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ပေးတာကို ၀မ်းမြောက်စွာတွေ့ရှိရကြောင်းချီးကျူးစကားပြောကြားချင်ပါတယ်။
အားနာနာနဲ့ တစ်ခုဘဲပြောရင်တော့ တစ်ချို့ဝန်ကြီးဌာနတွေမှာ မပြင်မိသေးတဲ့ဆောင်းပုဒ်လို့ခေါ်မလား - ဖတ်ရှု့ရတာ တစ်မျိုးကြီးဖြစ်နေတဲ့ ဆောင်ပုဒ်လေးတွေကို ပြုပြင်ပေးစေချင်ပါသေးတယ်
က်ျရုံးသည် နိုင်ငံတော်ကိုယ်စား လုပ်ငန်းများဆောင်ရွက်ပေးနေခြင်းဖြစ်ပါသည် }}
ဆိုသည့်ဆောင်ပုဒ်ကြီးကို ဖြုတ်ပေး စေချင်ပါသည်။
အဲ့ဒီဆောင်ပုဒ်ကြီိးကို ကိုင်ပြီးတစ်ချို့ဝန်ထမ်းများသည် ]]ငါတို့သည် နိုင်ငံတော်ကိုယ်စားဆောင်ရွက်နေသည်}} ]]မင်းတို့ ငါတို့ ပြောသမျှဆိုသမျှ နားထောင်ရန်}} တာဝန်ရှိသည် ဆိုတာမျိုးတွေဖြစ်လာခဲ့ပါတယ်။ အဲ့ဒီလိုဖြစ်လာတဲ့ ၀န်ထမ်းငယ်များဟာလည်း နိုင်ငံတော်ကနေရရှိသော လစာသည်မိသားစုတစ်စု အိမ်ထောင်စုရပ်တည်ရန် မလောက်ငခြင်း၊ လုပ်ငန်းခွင်တွင် ၀န်နှင့်အား မမျှသဖြင့် မနားမနေရုံးလုပ်ငန်းများ ဆောင်ရွက်ရတဲ့ ၀န်ထမ်းငယ်တွေရဲ့ မျက်နှာတွေဟာ ရုံးလုပ်ငန်းများ လာရောက်ဆောင်ရွက်သူ ပြည်သူများအား ]]မိဘပြည်သူများ}}လို့မမြင်မိတော့ဘဲ ၊ တစ်ခြား မိသားစုအဆင်မပြေမှု့များကို လာရောက်ဆောင်ရွက်သူ ပြည်သူအများအပေါ်ပုံချပြီး မိမိတို့ဝန်ထမ်းတွေသည် နိုင်ငံတော်ကိုယ်စား အလုပ်လုပ်နေသည်ဆိုပြီး ဖိပြီး-ဆူပူ-မန်မဲ-ဟောက်ဟမ်းမိကြပါတယ်။
အဲ့ဒီအခါမှာ ပြည်သူလူထုကလဲ ထိုကဲ့သို့ ဆူပူငေါက်ငန်းသော ၀န်ထမ်းငယ်များကို အပြစ်မမြင်-ထိုဝန်ကြီးဌာကို မစဉ်းစားတော့ဘဲ ]]ဒီအစိုးရ}} ]]ဒီအစိုးရ}}
ဆိုပြီး ကျွန်တော်တို့ရဲ့ ချစ်လှစွာသော သမတကြီးဦးသိန်းစိန်ဦးဆောင်သော အစိုးရကိုဘဲ အပြစ်တင်ဖို့ကြိုးစားတာကိုလဲတွေ့ရှိရပါတယ်။
ဝန်ထမ်းငယ်များ နေရေးစားရေးဝတ်ရေးအဆင်ပြေပါမှ မဟုတ်လျှင်တော့
]]ဆွမ်းတော်လားလို့ ၀မ်းတော်အနိုင်နိုင်}}
]] ဖြုတ်ခါဖြုတ်- ထုတ်ခါထုတ်}}
]]အူမတောင့်မှသာ သီလစောင့်}}နိုင်မှာဆိုပြီး နေမြဲ-စားမြဲကတော့ဖြစ်နေမှာဘဲဖြစ်ပါတယ်။ ဘယ်ဝန်ထမ်းကမှ ကိုယ်ဝမ်းလဲဝ မိသားစုစားဝတ်နေရေး အဆင်ပြေခဲ့မယ်ဆိုရင် ]]ဟေ့ ဟိုတိုင်လိုက်မယ်နော်}} ]]ဒီတိုင် လိုက်မယ်နော်}} ဆိုပြီး လာရာက်ဆောင်ရွက်သူတွေရဲ့ ပြောစကားကို ၀မ်းပမ်းတစ်နည်း နားထောင်ပြီး ဖြစ်ခါမှဖြစ်ရောဆိုပြီး ]]ဟိုဟာလိုသေးတယ်}} ]]ဒီဟာလိုသေးတယ်}} ဆိုပြီး မိသားစုဝမ်းဝဖို့အရေးဆောင်ရွက်မှာတော့ မဟုတ်ဘူးဖြစ်ပါတယ်။
ဘာပဲပြောပြော ၀န်ထမ်းငယ်တွေမှာတော့ လက်ရှိ လစာဟာ မိသားစုတစ်စုရပ်တည်ရန် လုံးဝမဖြစ်နိုင်အောင် နည်းလွန်းတယ်ဆိုတာကိုလဲ အရှိတရားအတိုင်းလက်သင့်ခံပြီး ၀န်ထမ်းများအား နေရေး-စားရေးအား အဆင်ပြေချောမွှေ့အောင် သင့်လျှော်သောအစီအမံများ ပြုလုပ်ကူညီဆောင်ရွက်ပေးနိုင်မှသာ သမတကြီးပြုလုပ်ချင်တဲ့ ဃူနညွေသလနမာနညအ ယွသသွိသလနမာနညအယ ဆိုတာလဲ အောင်မြင်အကောင်အ ထည်ပေါ်လာမှာဖြစ်ပါတယ်။
ယခင်အချိန်က မော်ကြည့်ဖို့မပြောနဲ့ လှန်တောင်မကြည့်နိုင်တဲ့ နေရာဌာနတွေမှာ သမတကြီးဦီးသိန်းစိန်လက်ထက်မှာ ကျွန်တော်တို့လဲ အနည်းငယ်ပြောရဲဆိုရဲဖြစ်လာပြီး အပြုသဘောဖြင့် ပြုပြင်ပေးပါရန်တောင်းဆို ပန်ကြားတာတွေကို ၀န်ကြီးဌာနတွေက အချိန်မဆိုင်းဘဲ ပြုပြင်ပေးတယ်ဆိုတာကိုလဲ အမှန်ဖြစ်ပါကြောင်းပြောကြားရင်း
(ချစ်ခြင်းများစွာဖြင့်)
အရည်ကြို

No comments:
Post a Comment