#Label1 ul{ max-height:500px; overflow:auto; } #Label1 ul::-webkit-scrollbar { height:12px; width: 12px; background: #333;} ::-webkit-scrollbar-thumb { background-color: #ccc; -moz-border-radius: 10px; border-radius: 10px; } /* AungAungms Style */ #BlogList1 .widget-content { height: 200px; overflow: auto; }
Blogger Tips And Tricks|Latest Tips For BloggersFree BacklinksBlogger Tips And Tricks
Wellcome To My Blog
Monday, September 16, 2013
I-Mobile IQ 2, IQ 3, IQ 4, IQ 5 အတွက် Drivers များနှင့် Driver တင်နည်း
I-Mobile IQ 2, IQ 3, IQ 4, IQ 5 အတွက် Drivers တွေကို အောက်ကလင့်မှာ ဒေါင်းပါ...
IQ2 
IQ3
IQ4
IQ5
ကဲ.. ဒေါင်းပြီးပြီဆိုရင် Install လုပ်နည်းဆီသွားကြည့်ရအောင်..
1. မိမိဖုန်းမှာ Setting>Application> Unknown Source ကို အမှန်ခြစ်အရင်ခြစ်လိုက်ပါ...
2. Setting>Application>Develop အတိုင်းဝင်ပြီးတော့  USB Debugging , Stay Awake, Allow mock location တွေရဲ့ဘေးမှာ အမှန်ခြစ်ထားလိုက်ပါ..
3. ဖုန်းကို Computer နဲ့ချိတ်လိုက်ပါ..
4. My Computer ကို Right Click ထောက်လိုက်ပြီး Manage ကိုနှိပ်လိုက်ပါ.. ပြီးရင် Device Manager ကို ထပ်နှိပ်လိုက်ပါ.. ညာဘက်မှာ ကိုယ်တပ်ဆင်ထားတဲ့ ဖုန်းကို ကွန်ပျူတာက မသိသေးကြောင်း အ၀ါရောင် ? လေး ပေါ်နေပါမယ်..
5. အဲဒီ အ၀ါရောင် ? လေးကို ညာကလစ်ထောက်ပြီး Update Driver ကိုနှိပ်လိုက်ပါ...
Install from a list or specific location ( Advanced ) ကိုရွေးပြီး Next ကိုနှိပ်လိုက်ပါ.. ထပ်ပေါ်လာတဲ့အကွက်ထဲမှာ Browse ကိုနှိပ်ပြီး ကိုယ်ဒေါင်းထားခဲ့တဲ့ ဖိုင်ကို ရွေးပေးလိုက်ပါ.. ပထမ Folder ကြီးကို ရွေးပြီး Next ကို နှိပ်ပါ.. မရရင် အထဲမှာ AMD နဲ့ x86 ဆိုတာ နှစ်ဖိုင်ပါတယ်..အဲဒီ ဖိုင်တစ်ခုခုကို ရွေးပြီး Next ကိုနှိပ်ပါ.. Driver Install လုပ်နေတာကို တွေ့ပြီဆိုရင် အိုကေပြီပေါ့.. ကွန်ပျူတာကို
6. Restart ချလိုက်ပြီး ဖုန်းကို ထပ်ချိတ်ကြည့်ပါ.. ခုနကလိုပဲ Manage ထဲက Device Manager ထဲမှာ ကိုယ့်ဖုန်းကို သိပြီဆိုရင် ရပါပြီ...
ဝန်ခံခြင်း... ( ဒီ Driver တွေကို ကျွန်တော် မတင်ဖူးပါ.. လေ့လာမိသလောက် ပြန်လည် ဖောက်သည်ချထားခြင်းသာ ဖြစ်ပါတယ်ခင်ဗျာ.. )
သင်ဆရာ မြင်ဆရာတို့ကို ဦးထိပ်လျက်
 http://www.nyeinchanthu3.blogspot.com/2013
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
windows 8 မှာ wifi ကိုဘယ်လိုဖွင့် မလဲ
windows 8 မှာ wifi ကိုဘယ်လိုဖွင့် မလဲဆိုတာဒီနေ့ ရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ကဲအောက်မှာလိုက်ကြည့် ပေးကြပါနော်။
ပထမဆုံးအနေနဲ့ command prompt ကိုဖွင့် ပြီး netsh walan show driver ကိုရိုက်ပါ။enter ခေါက်ပါ။Hosted network support: yes လို့ ပေါ်ရင်တော့ အိုကေပါတယ်။Hosted network support:no လို့ ပေါ်ရင်တော့ wifi adapter ကိုပြောင်းပြီး wifi driver ကိုပြန်သွင်းပေးရပါမယ်ခင်ဗျာ။
(အဆင့် -၁)  command prompt ကို as administrator အနေနဲ့  run ပါ
(အဆငိ့ -၂) command prompt မှာ netsh wlan set hostednetwork mode=allow ssid=name key=password ဆိုပြီးရိုက်ပါ။ entre ခေါက်ပါ။
(အဆင့် -၃) command prompt မှာ  netsh wlan start hostednetwork  လို့ ရိုက်ပြီး wifi ကိုဖွင့် ပါ။ ပြီးရင် entre ခေါက်ပါ။
(အဆင့် -၄) control panel ကိုသွားပါ။network and sharing center > properties >" allow other network user to connect throught this internet connection "ကိုကလစ်ပေးပါ
(အဆင့် -၅)network name ရဲ့ အောက်မှာHome networking connection. ကိုရွေးပေးလိုက်ပါ။ခင်ဗျာ
အားလုံးကိုကျေးဇူးတင်လျက်။
Website တစ်ခုကို Android Phone တွင်ကြည့်နိုင်ရန်အတွက် Application တစ်ခု ဖန်တီးနည်း
မင်္ဂလာပါခင်ဗျာ..... Website တစ်ခုကို Android Phone တွင်ကြည့်နိုင်ရန်အတွက် Application တစ်ခု ဖန်တီးနည်း မြန်မာလို စာအုပ်ကလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်.... မိတ်ဆွေကြီး Pyae Phyo (MMiTD) ရေးသားထားတဲ့ စာအုပ်ပါ.... စာမြည်းဖတ်နိုင်ရန် ရှေ့စာမျက်နှာ ၅ မျက်နှာကို ဖော်ပြပေးထားပြီး လေ့လာလိုတဲ့ သူငယ်ချင်းများအတွက် Minus, Dropbox နှစ်နေရာတင်ပေးထားပါတယ် ယူသွားလိုက်ပါခင်ဗျာ....
ပုံကြီးကြည့်လိုပါက ပုံကို click ပြီးကြည့်နိုင်ပါတယ်....
အခြားလေ့လာလိုတဲ့ သူငယ်ချင်းများအတွက် Facebook တွင် share လုပ်ပေးကြပါလို့ တိုက်တွန်းပါရစေ ခင်ဗျာ...
Website တစ်ခုကို Android Phone တွင်ကြည့်နိုင်ရန်အတွက် Application တစ်ခု ဖန်တီးနည်း
Minus
>>>  Download  <<< 
dropbox
>>>  Download  <<< 
Download ယူနည်းများ 
                                                 >>>   ကြည့်ရန်  <<<
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
လယ်တီမြေသား www.ledimyethar.com
ဘလော့ခရီးသည် http://aungsanmks.blogspot.com/
 ဓမ္မနှင့်စာပေနန်းတော် www.ninilayy.com/
ကိုယ့်ရဲ့ Facebook ကို လုံခြုံရေးကောင်းအောင် လုပ်နိုင်ပြီ (၅.၅.၂၀၁၃၊ တနင်္ဂနွေနေ့)
ကိုယ့်ရဲ့ Facebook ကို လုံခြုံရေးကောင်းအောင် လုပ်နိုင်ပြီ
၅.၅.၂၀၁၃၊ တနင်္ဂနွေနေ့
ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းတချို့ကို “Trusted Friends” ထဲ ထည့်သွင်းထားခြင်းအားဖြင့် သင့်ရဲ့ Facebook account ခိုးယူခံယူရခြင်းမှ ကာကွယ်နိုင်ပါပြီ။ 
Facebook account ထဲဝင်လို့ မရတော့ဘဲ ပြဿနာ တက်နေတယ်ဆိုရင် သူတို့ အကူအညီနဲ့ ပြဿနာ ပြေလည်စေပါလိမ့်မယ်။
သောကြာနေ့က မိတ်ဆက်လိုက်တဲ့ “Trusted Contacts” ဆိုတာလေးကို Facebook မှာ တွေ့ ရမှာပါ။
Trusted Contacts” ဆိုတာ သင်ရဲ့ လျှို့ ဝှက် နံပတ် (Password) ကို 
သူငယ်ချင်းများအကူအညီနဲ့ ပြန်လည်ရယူနိုင်အောင် Facebook က ဖန်တီးပေးလိုက်တာပါ။
Facebook က ဒါကို အကောင်အထည်ဖော်ဖို့ စမ်းသပ်နေတာ ၂၀၁၁ ခုနှစ်ကတည်းကဖြစ်ပြီး အခုမှာတော့ 
အသုံးပြုဖို့  အဆင့်သင့်ဖြစ်တာကြောင့် ကြာသပတေးနေ့မှာ ထုတ်ပြန် ကြေညာလိုက်တာဖြစ်ပါတယ်။
Trusted Contacts” ဆိုတာ ဒီလိုပါ။
၁။ သင်ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေ ၃ ယောက်ကနေ ၅ ယောက်ထိကို ရွေးချယ်ထားရပါမယ်။
၂။ သင့်ရဲ့ Facebook account ပိတ်ခံရတဲ့အခါမျိုးမှာ Facebook က သင်ရွေးချယ်ထားတဲ့ 
မိတ်ဆွေတွေဆီကို security codes တွေ လှမ်းပို့ ပေးမှာပါ၊
၃။ အဲဒီ security codes တွေကို မိတ်ဆွေတွေဆီက ရယူနိုင်ပါတယ်။
ဒီနည်းနဲ့ Facebook account အပိတ်ခံရခြင်း (သို့ ) ခိုးယူခံရခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
နာမည်ကြီးသူတွေရော သာမန် သူလိုကိုယ်လိုတွေပါ ဟက်ကာလက်ချက် ခံနေရချိန်မှာ ပေါ်လာတဲ့ ဒီလို လုံခြုံရေးအစီအစဉ်သစ်ကို Facebook သုံးသူတွေ နှစ်သက်ကြမှာပါ။
ကိုယ့်အကောင့် ဖောက်ထွင်းခံရတာမျိုးက အချိန်မရွေး ကြုံရနိုင်ပါတယ်။ Facebook ကိုယ်တိုင်လည်းကြုံခဲ့ရပါတယ်။
ဒီအကြောင်းကို Facebook လည်း အဟက်ခံလိုက်ရ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီဘလော့http://blog.irrawaddy.org/2013/02/facebook_18.html မှာ ဖော်ပြခဲ့ပြီးပါပြီ။
အခု ပေါ်လာတဲ့ Facebook ရဲ့ နည်းလမ်းသစ်ကို အသုံးပြုခြင်းဖြင့် လုံခြုံရေး မေးခွန်းများ ( Security Question ) နဲ့ သင်မည်သူဖြစ်သည်ကို ဖြေဆိုရတဲ့ ( Web Forms Question) တွေကို အချိန်ကုန်ခံပြီး ဖြေဆိုစရာမလိုတော့ဘူးလို့ သိရပါတယ်။
“Trusted Contacts” ကို စတင် အသုံးပြုမယ် ဆိုရင်တော့ “ Security Settings “ မှာ သင် ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေစာရင်းကို ထည့်သွင်းနိုင်ပါတယ်။
သင့်ရဲ့ မိတ်ဆွေတွေကို “Trusted Contacts” ထဲ ထည့်သွင်းလိုက်တာနဲ့ Facebook က စာလှမ်းပို့ အကြောင်းကြားပေးမှာဖြစ်ပါတယ်။
ဒါပေမယ့် သတိထားရမယ့်အချက်ကို မှာထားပါသေးတယ်။
Facebook Account ရဲ့ လုံခြုံရေးဟာ အိမ်တအိမ်ရဲ့ လုံခြုံရေးလိုပါပဲ တဲ့။
သင်တကယ်ယုံကြည်စိတ်ချနိုင်တဲ့မိတ်ဆွေများကိုသာ “Trusted Contacts” ထဲမှာ ထည့်သွင်းပါလို့ အကြံပြုသွားပါတယ်။
ဆောင်းဦးလင်း ~
ဧရာဝတီ Blog
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com
www.ledimyethar.com
www.ninilayy.com
phone bill မကုန်အောင် အင်တာနက် free သုံးမယ်
ဒီနည်းလေးးကတော့  ဆိုက်တဆိုက်ကနေတွေ့လို့ ကျနော်ပြန်ရှယ်ပေးလိုက်တာပါ...။အသုံးဝင်မယ်လို့ လည်း ထင်ပါတယ်..။ကျနော်ကိုယ်တိုင်က အင်တာနက်ကို free သုံးနေတာဆိုတော့ သူငယ်ချင်းများ ကိုလည်း ရစေချင်ပါတယ်.....။ဒီနည်းလေးကိုရေးသားတဲ့ ကိုနေလင်းဖြိုး ကိုလည်း အထူးပဲ ကျေးဇူးတင်ပါ တယ်ဗျာ...။ဖုန်းနဲ့ ကွန်ပြူတာ ကို ချိတ်ပြီးသုံးတဲ့ သူတွေ အတွက် တကယ်ကောင်းတဲ့ နည်းလေးပဲဗျာ..။
 ကဲ အားလုံးပဲ ဒီတစ်ခါတော့ Facebook ထဲကကျွန်တော်ဘော်ဒါတစ်ယောက်ဆီကနေ ပိုက်ဆံမကုန်တဲ့ အင်တာနက်ဖုန်းသုံးနည်းကို ဖော်ပြလိုက်ပါတယ်။ သိထားရမှာက နည်းလမ်းတွေကိုရှာဖွေရတာဟာ အိပ်ရေးပျက်ခံ၊ အပင်ပန်းခံပြီးရှာရတာမို့ တစ်ခုခုဖြစ်ခဲ့ရင် အပြစ်မဆိုကြဖို့ ကြိုတင်ပြီး သတိပေးချင်ပါတယ်။ ဒီပို့စ်မှာ မူရင်းပို့စ်ပိုင်ရှင် ကိုယ်တိုင်စမ်းသပ်ဖော်ပြထားတဲ့နည်း၊ သူအသုံးပြုခဲ့တဲ့ Device တွေနဲ့ဆိုရင်တော့ အဆင်ပြေမှာပါ။ အခြား Device တွေကိုလည်း ကျွန်တော်အနေနဲ့ မစမ်းသပ်နိုင်လို့ နားလည်ပေးစေချင်ပါတယ်။ အောက်ကပို့စ်တွေဟာ မူရင်းပို့စ်ပိုင်ရှင်ရဲ့ စာသားအတိုင်းပဲဖြစ်ပါတယ်။ စာလုံးပေါင်းသတ်ပုံတွေကို ပြင်ဆင်ပေးတာက လွဲလို့ပေါ့။ :D
1. 3G အင်တာနက်ဖွင့်ထားသော Sim Card (မှတ်ချက်...GSM လဲရပါတယ်)
2. ကိုယ်ရဲ့ဖုန်းလုံခြုံးရေအတွက် စိုးရိမ်တယ်ဆိုရင် IMEI ကို Fake လုပ်ထားရပါမယ်
(ဒါကတော့ လိုအပ်ချက်မဟုတ်ပါဘူး ကျွန်တော်ကတော့ မလုပ်ဘူးအေးရော India ကဆိုရင်တော့လိုမယ်)
3. လုပ်နည်းကတော့ APN setting ချိန်းတာပါ အောက်မှာဖော်ပြထားပါတယ်။
(မှတ်ချက် ကျွန်တော်ကတော့ Samsung Galaxy Ace (GT-S5830i) andriod version 2.3.6 Root လုပ်ထားပါတယ်။ အဲဒီ Device စမ်းသပ်ထားတာဖြစ်လို့
Galaxy APN ချိန်းနည်းအတိုင်းတင်ပြပါမယ်) Kali Linux-Gnome (32bit) ပါ ဖုန်းကနေ USB Tethering လုပ်လိုက်တာနဲ့ auto ချိတ်ပါတယ်။ ဘာမှလုပ်ပေးစရာမလိုပါဘူး တကယ်လို အဲလိုမရဘူးဆိုရင် Backtrack Myanmar Group ကိုသွားပြီးမေးကြည့်ပါ။
Setting >>>Wireless and networks>>>Mobile networks>>>Acess Point Names
ကိုအဆင့်ဆင့်သွားပါ ပြီးရင် Menu key ကိုနှိပ်ပြီး New APN ကိုရွေးပါ ပြီးရင်
  • ---Name နေရာမှာ 3G free (any) Type 1 WAP လို့ဖြည့်လိုက်ပါ
  • ---APN နေရာမှာ wapwest.cellone.in လို့ရေးပေးပါ
  • ---Proxy နေရာမှာ 110.100.3.2 လို့ရေးပါ
  • ---Port နေရာမှာ 9209 လို့ရးပါ
  • ---User name နေရာမှာ ppp လို့ထည့်ပါ
  • ---Password နေရာမှာ ppp123 လို့ရေးပါ
  • ---Server နေရာမှာ 110.100.3.2:9209 လို့ထည့်ပါ
  • ---MCC တော့ 414 ပါပဲ
  • ---MNC တော့ 01 ပါ
  • ---Authentication type မှာ CHAP ကိုရွေးပါ
  • ---APN type မှာ Internet ကိုရွေးပါ
ပြီးရင် Save လုပ်ပြီး ခုလုပ်ထားတဲ့ APN ကို ON ခဲ့ပါ။
ပြီးရင် အင်တာနက်ကို On လိုက်ပါ သိုမဟုတ် Use packet data ကို အမှန်ခြစ်လိုက်ပါ
ဟုတ်ကဲ့ အင်တာနက် မရသေးပါဘူး ရအောင်လုပ်ရပါအုံးမယ်။
ဘယ်လိုလုပ်ရမလဲဆိုတော့ Kali Linux OS တင်ထားတဲ့ computer မှာ usb tethering ကို on လိုက်ရပါမယ်။ အင်တာနက်တက်ပြီးဆိုတာနဲ့ *124# ကို ဖုန်းက Check လုပ်လိုက်ပါ။
တတ်နိုင်ရင် ဖုန်းထဲက background data တို့ sync တို့ကို ပိတ်ထားလိုက်ပါ ပြီးရင်သုံးလို့ ရပါပြီ။
*_အရေးကြီးဆုံးတစ်ခုက ကွန်ပျုတာမပိတ်မှီ သို့မဟုတ် tethering ကိုမဖြုတ်မှီ ဖုန်းကအင်တာနက်ကို အရင် ပိတ်ရပါမည်။ ဒီလိုမှမဟုတ်ရင်ပိုက်ပိုက်ဖြတ်ပါတယ်_*
MPT က မပိတ်သရွေ့တော့ရနေပါလိမ့်မယ်။ ပိတ်သွားရင် တားတားလဲမတတ်နိုင်ပု ဟိဟိ။
ဖြည့်စွက်ချက် ။ လိုအပ်ချက် တစ်ခုရှိသွားတယ်ဗျ kali မှာသုံးမှ မဖြတ်တာ ကျန်တာတွေမှာဖြတ်တယ်နော် ပြီးတော့ ကွန်ပျူတာမပိတ်ခင် အင်တာနက်အရင်ပိတ်ရတယ်။ မနေ့က kali OS (Gnome) နဲ့ သုံးတာ မဖြတ်လို့ ဒီနေ့ backtrakနဲ့သုံးတော့ ဖြတ်သွားတယ် မကျေနပ်လို့ kali နဲ့ ပြန်သုံးတာ မဖြတ်ဘူး kali ကိုနဲ့အဆက်သွယ်မဖြတ်ခင် အင်တာနက်ကိုအရင်ပိတ်ဖို့မမေ့နဲ့အုံးဗျ။
Screenshot:
  •  Kali Linux ကို ဒေါင်းချင်ရင် ဒီ ကိုသွားပါ။
  • Kali OS, BT တွေအကြောင်းအသေးစိတ်သိချင် ဒီ ဂရုကိုသွားပါ။
အားလုံးပဲ အဆင်ပြေပါစေဗျာ....။
 ရေးသားသူ နေလင်းဖြိုး(နည်းပညာ)
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com 
www.ledimyethar.com 
www.ninilayy.com
Facebook ပေါ်က Video တွေကို အလွယ်တကူဒေါင်းယူကြမယ်
 ကဲ  မိတ်ဆွေ တို့ မင်္ဂလာပါ  ခုနည်းပညာလေးကတော့  Facebook ကနေ Video တွေကို ဒေါင်းရတာ အဆင်မပြေသူတွေအတွက်  နည်းလမ်းတစ်ခုပါ  ဒါပေမယ့် တခြားနည်းလမ်းတွေလောက်တော့  မမိုက်လှဘူး  တွေ့ထားတဲ့ နည်းပညာလေးမို့ သိစေလိုရန်  မျှဝေခြင်းသက်သက်ပါ.... တခြားနည်းလမ်းတွေကိုဘဲ သုံးတာ ပိုအဆင်ပြေပါတယ်.. ဒါကတော့ ဗဟုသုတပေါ့နော်....
ကဲ  ပထမဆုံး  မိမိတို့ Facebook က  ဒေါင်းလိုတဲ့  Video ကိုဖွင့်လိုက်ပါ.... အဲကလင့်ကိုကော်ပီယူပါ။။
သည်နေရာ  ကိုသွားလိုက်ပါနော် ဒေါင်းဖို့အတွက်ပေါ့...
 အဲမှာ အေပ်ါပုံလို ဒေါင်းလိုတဲ့ လင့်ကို  ထည့်ပေးလိုက်ပါ  စောစောက ကော်ပီယူလာတာကိုပေါ့...
ဒေါင်းလိုက်ပါ..ပြီးတာနဲ့ သည်လိုလေးတွေ့မယ်..
အပေါ်ကပြထားသလို ဒေါင်းပြီးသော ဖိုင်လေးရပါပြီ..... ကလစ်ကြည့်လိုက်ပါ။။။
အဆင်ပြေပါစေ.... သည်နည်းလေးကတော့ ဗဟုသုတနော်... တကယ်လိုအပ်သူများအတွက်
ဘယ် IDM ဒေါင်းလော့မန်နေဂျာမှ မလိုဘဲ ကောင်းတဲ့ နည်းလေးရှိပါတယ်...
လေ့လာပြီး နှစ်သက်သလို သုံးနိုင်ပါတယ်....ကျေးဇူးပါ
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com 
www.ledimyethar.com 
www.ninilayy.com
Android ဖုန်းကနေ wifi ကိုဟက်ကြမယ်
စာလုံး/အကြီး+ နှင့် -အသေး
မင်္ဂလာပါ android ဖုန်းတွေလည်း wifi hack ကျမယ်ကောင်းကောင်းဗျာ။WEP, WPA, and WPA2.အထိတောင်ရတယ်ဗျာ။android version 2.2 နှင့် အထက်မှာအားလုံးအဆင်ပြေပါတယ်။ဖိုင်ဆိုဒ်ကလည်းသေးသေးလေးဗျာ2 mb ထဲပါကဲအောက်မှာပုံလေးတွေကြည့် လို က်ပါအုံးေိေိ။
10263-Wifi_Hacker_Android_Best_Version_V2.2.14667_Apk-0.jpg 
 10263-Wifi_Hacker_Android_Best_Version_V2.2.14667_Apk-1.jpg
ကဲအားလုံးပဲအောက်မှာဒေါင်းယူလိုက်ပါခင်ဗျာ။
ကျွန်တော့် ဘလော့ လေးကိုလာလည်ကျတဲ့ သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်လျက်
အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
ဘလော့ခရီးသည် www.aungsanmks.blogspot.com www.ledimyethar.blogspot.com www.ninilayy.com
Facebook အသုံးပြုနည်း (မြန်မာ)
Facebook မိတ်ဆွေများအတွက်ပါ Facebook ၏လုပ်ဆောင်ချက်များစာအုပ်လေးပါ
download here! 
အားလုံးအတွက် စေတနာထားပြီး တွေ့သမျှ သိသမျှလေးတွေကို ပြန်လည်မျှဝေနေပါမည်...
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
 လယ်တီမြေသား www.ledimyethar.com
 ဘလော့ခရီးသည် http://aungsanmks.blogspot.com/
ဓမ္မနှင့်စာပေနန်းတော် http://ninilayy.blogspot.com/
Copy ကူးခွင့် မပေးတဲ့ Websites တွေကို ကူးကြည့်ကြမယ်
သည်နည်းလေးကို   ကျွန်တော်  ဟိုနေ့ကဘဲ  တခြားနည်းလမ်းနဲ့  ကော်ပီမရတာကို ရအောင် လုပ်ယူနည်း တင်ခဲ့ပါပြီ... ဒါကတော့ ကိုဝင်းးရေးထားတာလေးးတွေ့လို့ ထပ်မံမျှဝေပေးခြင်းးပါ...
အမျိုးမျိုးသုံးးရအောင်ပေါ့နော်.... 
ဘလော့ခရီးသည်
Blog ရေးနေကြတဲ့ Blogger ညီကိုတွေ သိကြ  , ကြုံဖူးကြမှာပါ ... အင်တာနက်ပေါ်က တချို့ တချို့ Websites တွေမှာ သူတို့တင်ထားတဲ့ ပို့စ်တွေ , ဓါတ်ပုံတွေကို Copy ကူးလို့မရအောင် (Right Click Disabled Website) လုပ်ထားတတ်ကြပါတယ်.. ဒီကိစ္စနဲ့ ပါတ်သက်ပြီး အရင်က နည်းလမ်းတွေ တင်ပေးခဲ့ဖူးပါတယ်.....
 ဒါပေမဲ့ အချိန်နဲ့အမျှ တိုးတတ်ပြောင်းလဲနေတဲ့ အင်တာနက်ကြီးထဲမှာ အဲ့ဒီနည်းလမ်းတွေက အသုံးမဝင်တော့ပါဘူး (ဟီးးး... ကိုယ်တွေ့ပဲလေ)
ဒါပေမဲ့ အခုတော့ Click တစ်ချက်နှိပ်ရုံနဲ့ Copy ကူးလို့ , Right Click နှိပ်လို့ရနိုင်ပါပြီ...လူသုံးများတဲ့ Firefox Browser မှာပါ... Add On လေးတစ်ခုကို Browser မှာ Add ပေးလိုက်ရုံပါပဲ...(တခြား Browser တွေအတွက်ကိုတော့ နောက် အလျင်းသင့်သလိုတင်ပေးသွားပါ့မယ်)
Right Click မရတဲ့ , Copy ကူးလို့မရတဲ့ Website တွေအတွက် အောက်မှာ ပေးထားတဲ့ Link ကတဆင့် Add to Firefox ကို နှိပ်ပြီး Install လုပ်ပေးလိုက်ပါ... ပြီးရင် Browser ကို Restart ချပေးလိုက်ပါ (OR) Firefox Browser ကို ပိတ်ပြီး ပြန်ဖွင့်ပေးလိုက်ပါ...။
 Enable Right Click on Right Click Disabled Websites
Follow the procedure from bellow:
  • Download a Firefox add-on named RightToClick from here and install it.
  • Then simply restart your Firefox.
  • Now you will see a golden pointer at the lower right corner of Firefox and also right next to the Home button.
  • When you visit any website which has disabled right click option, click on the golden mouse pointer
  • And that is it, you have done. Now you can able to right click on that page which has restricted to perform right click.
ကဲ... ခုဆိုရင် Copy (Right Click) မပေးတဲ့ Website ကိုဝင်ပြီး ထင်တိုင်းကျဲလို့ ရနိုင်ပါပြီဗျာ....:D
Right Click (Copy) ကူးမရသေးဘူးဆိုရင် အောက်ကပုံလေးအတိုင်း မျှားလေးကို တစ်ချက်လောက် Click ပေးလိုက်ပါ...။
(ညီလေးတစ်ယောက် အကူညီတောင်းထားတာမို့ မျှဝေပေးရုံသက်သက်ပါ)
Right Click Disabled လုပ်ထားတဲ့ ညီကို Blogger တွေကတော့ နားလည်ပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်....။ ဘယ်သူ့မှ မရည်ရွယ်ပါကြောင်းပါခင်မျာ..။
Click Here to Go >>>>
အားလုံးအဆင်ပြေကြပါစေ..
ခင်မင်လျှက်
ဝင်းကမ္ဘာကျော်
အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
ဘလော့ခရီးသည် 
www.aungsanmks.blogspot.com 
www.ledimyethar.blogspot.com 
www.ninilayy.com
Viber မြန်မာဗားရှင်း ထွက်ပါပြီ
စာလုံး/အကြီး+ နှင့် -အသေး
ကျနော် ဒီ Viber မြန်မာဗားရှင်းကို လွပ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ကို ရည်ဇူးပါတယ် ♥ ♥ ♥ ♥ ♥ ♥
ကွန်ပျူတာ အင်တာနက် ဖုံး စတဲ့ အိုင်တီနဲ့ ပတ်သက်တာမှန်သမျှ ကျနော်တို့မြန်မာစာနဲ့ ထွက်လာတယ်ဆိုတာတော်တော်လေးကို ရှားပါသေးတယ်။ နိုင်ငံတိုင်း လူမျိုးတိုင်း ကိုယ့်ဘာသာ ကိုယ့်စာပေနဲ့ အရာရာတိုင်းကို ရှိနေချင်ကြတာ သဘာဝပါပဲ။ ကမ္ဘာမှာ ဘယ်ဘာသာစကားကို အဓိကသုံးစွဲရမယ်လို့ သတ်မှတ်ချက် မရှိပေမယ့် အင်အားကြီးတဲ့ ဘာသာစကားကို သုံးနေကြတာ အထင်အရှားပါ။ ကျနော်လဲ လူထဲက လူတစ်ယောက်မို့ ကျနော်တို့မြန်မာစာ မြန်မာစကားကို နေရာတိုင်းမှာ ရှိနေစေချင်တဲ့ ဆန္ဒရှိနေပါတယ်။ အဲဒါကြောင့် ဖုံးအလကားခေါ်ဆိုလို့ လွယ်ကူတဲ့ စမတ်ဖုံးများမှာ အသုံးပြုနေတဲ့ Viber Application ကို မြန်မာမှု ပြုလိုက်ပါတယ်။ အကောင်းကြီးတော့ မဟုတ်ပေမဲ့ အတတ်နိုင်ဆုံး ကြိုးစားလုပ်ထားပါတယ်။ အင်္ဂလိပ်အက္ခရာများနဲ့ ရင်းနှီးနေပြီးသားသူများအတွက် ကြည့်ရတာမျက်စိနောက်ကောင်းနောက်ပေမဲ့မြန်မာလူမျိုးများအတွက် သင့်တော်မယ်ထင်လို့ မြန်မာဗားရှင်းလေးကို လုပ်ဖြစ်သွားတာပါ။ အနှောက်ယှက်ဖြစ်ရင်တော့ တောင်းပန်ပါတယ်။ 
တစ်ချို့ကို Language Data အခက်အခဲကြောင့်   မြန်မာလို မပြန်ဘဲ ဒီတိုင်းထားခဲ့ရပါတယ်။ အဒီအတွက်လဲ ထပ်ပြီး တောင်းပန်ပါရစေ...နောက်ထွက်မည့် ဗားရှင်းအသစ်တွေမှာ ကောင်းသထက်ကောင်းအောင် ကျိုးစားပါ့မယ်။ 
အခုထွက်လာတဲ့ Viber မြန်မာဗားရှင်းက နောက်ဆုံးထွက် ဗားရှင်းဖြစ်ပြီး iPhone Jailbreak လုပ်ပြီးသား မြန်မာဖောင့် ရှိမှသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Jailbreak မလုပ်ရသေးတဲ့ ဖုံးများမျာ အသုံးပြုလို့မရနိုင်သေးပါဘူး။ သုံးရင်လဲ မြန်မာဖောင့်က အတုံးတုံးလေးတွေပဲ ပေါ်နေမှာဖြစ်ပါတယ်။ နောက်ထပ် ကောင်းမယ် အသုံးများမယ်ထင်တဲ့ Application များကို မြန်မာမှုပြုနိုင်အောင် ကြိုးစားနေပါတယ်။ တစ်ခုခုအမှားအယွင်းတွေ့ရှိလျင် ကျနော့်လိုအပ်ချက်သာ ဖြစ်ပါကြောင်း။ ကျနော် လုပ်ထားတဲ့ Viber မြန်မာဗားရှင်း နဲ့ ပတ်သက်ပြီး ဖေ၀န် အကြံပြုချက်များကို လက်ခံသွားမည်ဖြစ်ပါတယ်ခင်ဗျား။ 
Viber မြန်မာဗားရှင်း ဖြစ်ပေါ်လာအောင် အကူညီပေးခဲ့တဲ့ အကို ကိုဧချမ်း (US) ဒီနေရာကနေ အထူးပဲ ကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ....။
ကျနော်  iPhone 4 နဲ့ 4S မှာပဲ စမ်းရပါသေးတယ်။ တခြား iOS များမှာလည်း သုံးလို့ ရနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အောက်မှာ Download လုပ်ယူကြပါခင်ဗျားး။ IPA ဖိုင်ကို iPhone ထဲကို Install လုပ်နည်းကို ဒီနေရာမှာ ရေးပြီးခဲ့ပါပြီ။
IPA ကို Download လုပ်ရန် 
mega | mediafire | zippyshare | box
အဆင်ပြေပါစေ...
Credit to စာချစ်သူ
ကိုယ်တိုင်မလုပ်တက်တော့လဲ တက်တဲ့လူ များဆီက ကူးလာခဲ့ပါတယ်
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
www.aungsanmks.blogspot.com
www.ledimyethar.com
www.ninilayy.com
ဖုန်းထဲက Game တွေကို ကွန်ပျုတာထဲမှာ ဆော့ချင်ရင် ဒီနည်းကို သုံး
ဒီဟာကတော့ ဖုန်းကဟာတွေ ကွန်ပျုတာမှာ ဆော့ချင်ရင် သုံးတဲ့နည်းလမ်းတစ်ခုပါ
ရနေတယ် သူက ကွန်ပျုတာကို Android စနစ်ကို ဖလှယ်ပေးတဲ့ ဆော့ဝဲပါ ။အဲ့တော့
Android APK ဖိုင်တွေကို စက်မှာအလုပ်လုပ်ပါတယ် ဆော့ချင်ရင် ယူထည့်လိုက်..။
ဒီလင့်မှာယူလိုက်ပါ -  http://www.bluestacks.com/
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com
www.ledimyethar.com
www.ninilayy.com
Hidding Object Games တွေ တောင်းဆိုတဲ့ သူငယ်ချင်းအတွက်( 1 )
Hidding Object Games တွေ တောင်းဆိုတဲ့ သူငယ်ချင်းအတွက်ပါ
ဖိုင်ဆိုဒ်ကတော့ နဲနဲကြီးလို့ ၃ ပိုင်းခွဲတင်ပေးလိုက်ပါတယ်
အပိုင်း ၁ ကို ကလစ် ၂ ချက်ခေါက်ပြီးတော့ ဖွင့်လိုက်တာနဲ့ ကျန်အပိုင်းတွေက
အော်တို extract လုပ်သွားမယ် ပြီးရင် Desktop မှာသွားကြည့်လိုက် Shotcut လေး ရှိနေမယ်
ကလစ် ၂ ချက်ခေါက်ဖွင့် ပြီး ကစားရုံပါပဲ Game လေး ကိုအောက်မှာ ဒေါင်းလိုက်ပါ
ကျနော် ကတော့ စမ်းရင်းနဲ့ ကစားလိုက်တာ ၄ ခန်းလောက်ရောက်သွားတယ်
မျက်စိ လျင် မှရမယ်နော် စာလည်းဖတ်တက်မှ အဆင်ပြေလိမ့်မယ်ဗျနော်
ZIPPYSHARE
အဆင်ပြေလို့ အားတယ် ဆိုရင် အခြားလင့်တွေကလည်းတင်ပေးပါ့မယ်
အိုင်တီခေတ်
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ဘလော့ခရီးသည်နေရာလေးများ
www.ledimye.blogspot.com www.aungsanmks.com www.ninilayy.com
Sunday, September 15, 2013
မိမိတို့ FACEBOOK အကောင့် အားပြန်ယူကြမယ်
အဆင့် ၁ - www.facebook.com/hacked သို့သွားပါ။
အဆင့် ၂ - "My Account is Compromised" အား နှိပ်ပါ။
အဆင့် ၃ - စာမျက်နှာ ဘယ်ဖက်အောက်ထောင့်ရှိ "I can't identify my account" အား နှိပ်ပါ။
အဆင့် ၄ - Facebook မှ မေးမြန်းသည့် သင်နှင့် သက်ဆိုင်သည့် မေးခွန်းများအား ဖြေပါ။
အဆင့် ၅ - Submit လုပ်ပါ။
မကြာမီတွင် Facebook မှ သင့်အား ဆက်သွယ်လာမည်ဖြစ်ပြီး သင်၏ account အား ပြန်လည်ရယူနိုင်ရန် ကူညီပါလိမ့်မည်။
ဤကဲ့သို့ ရှုပ်ထွေးပြီး စိတ်ညစ်ဖွယ်ရာ ဖြစ်ရပ်များအား မကြုံတွေ့လိုလျှင် မိမိ၏ account လုံခြုံရေးအတွက် မပေါ့ဆပဲ သတိထားပြီး နေထိုင်သင့်ပါသည်။
မိမိ account လုံခြုံရေးအတွက် ဆောင်ရွက်နိုင်သည့် အချက်များ -
- အလွယ်တကူ မသိရှိနိုင်မည့် password များထားပါ။
- အလျဉ်းသင့်သလို ပြောင်းလဲပါ။
- လုံခြုံရေး မေးခွန်းများ ထားရှိပါ။
- ဖုန်း SMS သုံး လုံခြုံရေး ၂ ထပ် ထားရှိပါ။
- မလုံခြုံသည့် ကြုံကြိုက်ရာ WiFi သုံးခြင်း ရှောင်ကြဉ်ပါ။
- မိမိ Facebook နှင့် Email အား အချိန်ပြည့် ဖွင့်ထားခြင်း ရှောင်ကြဉ်ပါ။
- Facebook တွင် မိမိ၏ ကိုယ်ရေးကိုယ်တာ အချက်များ ဖော်ပြထားခြင်း ရှောင်ကြဉ်ပါ။
ကျွန်တော့် ဘလော့ လေးကိုလာလည်ကျတဲ့ သူငယ်ချင်းများကိုကျေးဇူးတင်လျက်
စိုင်းသူနည်းပညာပြန်လည်မျှဝေခြင်း
အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
ဘလော့ခရီးသည် www.aungsanmks.blogspot.com www.ledimyethar.blogspot.com www.ninilayy.co
Gtalk မှာ နောက်ဆုံးရသတင်းများဖတ်လို့ရပြီ
နိုင်ငံရေးရာ သတင်း Share ပြည်တွင်း၌ တရားဝင်ထုတ်ဝေနေသည့် ဂျာနယ်များမှ ရရှိသည့် နောက်ဆုံးရသတင်းများကိုG Talk အသုံးပြုသူများ အချိန်မရွေးဖတ်ရှု နိုင်မည့်စနစ် မြန်မာအင်တာနက်မှ စတင်လိုက်ပြီဟု သိရသည်။ သတင်းဖတ်ရှုလိုသူများ သည် မိမိ G Talk တွင် friends.myan-mar.burma@gmail.com ကို မိတ်ဆွေစာရင်းတွင် ထည့်သွင်းထားရမည်ဖြစ်သည် ထိုမိတ်ဆွေအမည်ကို ပုံမှန်စာရိုက်၍ စကားပြောသကဲ့သို့ စာတစ်ခုခုရိုက်ထည့်၍ Enter နှိပ်လိုက်ပါက နောက်ဆုံးရ သတင်း ၁ဝ ပုဒ်ကို ချက်ချင်းထုတ်ပြပေးမည်ဖြစ်သည်။ ၄င်းသတင်းများကို နေ့စဉ် ပုံမှန်ထွက်ရှိနေသည့် ပြည်တွင်းထုတ် ဂျာနယ်များမှရွေးကာာ myanmar- myanmar. net မှ ဖော်ပြခြင်းဖြစ်ကြောင်း သိရသည်။
”သိသင့်သိထိုက်တဲ့သတင်းတွေကို ရွေးဖော်ပြပေးမှာပါ။ ဖော်ပြရင်လည်း တစ်ပုဒ်လုံးမဟုတ်ဘဲ အဓိက အကြောင်းအရာပဲ ဖော်ပြမှာပါ။ ကိုယ်တိုင်ကလည်း နည်းပညာပိုင်း လုပ်နေတာဖြစ်တဲ့ အတွက် နည်း ပညာပိုင်းမှာ သိသင့်တဲ့ဟာတွေကိုလည်း ဘာသာပြန်ပြီး ထည့်ပေးမယ်” ဟု မြန်မာအင်တာနက်မှ တာဝန်ရှိသူ တစ်ဦးက သတင်းတင်ပြမှုနှင့် ပတ် သက်၍ ရှင်းပြသည်။ ပြည်ပရောက် မြန်မာအများစုအနေဖြင့် ပြည်တွင်းသတင်းဂျာနယ်များမှ သိသင့်သိထိုက်သည့် သတင်းများကို ဖတ်ရှုနိုင်ရန် တင် ပြပေးခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။ ပြည်တွင်းထုတ် သတင်းဂျာနယ်များမှ စိစစ်ရေးခွင့်ပြုချက်ရ သတင်းများကို ဖော်ပြသည့် သတင်းဝက်ဘ်ဆိုက်
www. myanmar-myanmar.net
မှ နေ့စဉ်သတင်းဂျာနယ်ပေါင်းစုံမှ သတင်းများကို အခမဲ့ဖတ်ရှုနိုင်ကြောင်း သိရသည်။
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
 လယ်တီမြေသား www.ledimyethar.com
 ဘလော့ခရီးသည် http://aungsanmks.blogspot.com/
 မှတ်စုစာအုပ် http://aungsan96.blogspot.com/
 ဓမ္မနှင့်စာပေနန်းတော် http://ninilayy.blogspot.com/
အသံဖမ်းတဲ့ဆော့ဝဲ(အရမ်းကောင်းတာက အချိန်ဇယားနဲ့  ဖမ်းလို့ ရပါတယ် )
ဒီဆော့ဝဲလေးက ဖုန်းမှာထဲ့ထားရင် အသံဖမ်းစက်လိုပဲ အင်တာဗျူးတွေ လုပ်တဲ့အခါ
သုံးလို့ ရပါတယ် ။ ဖမ်းထားတဲ့အသံလည်း ကြည်လင်ပြတ်သားပါတယ် ။ထူးခြားမှုက
အချိန်ဇယား နဲ့  လုပ်လို့ ရတယ် ။ ဖုန်းမှာ နှိုးစက်ပေးသလိုမျိုး လုပ်ထားလို့ ရပါတယ်
အဲ့တော့  အခန်းထဲ  ဖုန်းထားခဲ့ပီး  အတင်းပြောမပြော   စစ်လို့ တောင်ရသေးတယ်
ဒီဆော့ဝဲက အချိန်ဇယားဆိုတော့ ဥာဏ်ရှိသလိုသုံးကြည့် ။တကယ် မိုက်တယ်.....။
ဒီလင့်မှာ ယူပါ - https://play.google.com/ အသံဖမ်းဆော့ဝဲ
  တို့ဘာသာ ညဏ်ချိတလိုတုံးးဂျာ   နော်လဲ မောင်ဆလုံးဆီကမချလာတာ...ေိေိ
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
လယ်တီမြေသား www.ledimyethar.com
ဘလော့ခရီးသည် http://aungsanmks.blogspot.com/
ဓမ္မနှင့်စာပေနန်းတော် www.ninilayy.com/
gtalk အကောင့်များသုံးပြီး ကျန်မနေခဲ့စေရန်
သည်နည်းလမ်းလေးက အထူးသဖြင့် ဆိုင်မှာ သုံးစွဲသူတွေအတွက် လိုအပ်ပါတယ်.
Gtalk Account သုံးစွဲရာတွင် Sign out လုပ်ပြီးချိန်တွင် Gtalk Account အမည်များ ကျန်ရှိနေခဲ့သည်ကို မလိုလားကြပေသည်အတွက် ဖျက်ရမည့်နည်းလမ်းကို သိရှိသမျှနည်းလမ်းလေးကို ပြန်လည်တင်ပြလိုက်ပါသည်။
(၁) Start မှ Run box ကို ဖွင့်ပြီး regedit ကို ရိုက်ထည့် ဖွင့်ရန်။
(၂) HKEY CURRENT USER မှ Software မှ Google မှ Google Talk မှ Accounts ကို နှိပ်ပါ။
(၃) ညာဘက်တွင် o ကို ဖွင့်ပါ။ Gtalk Account များ တွေ့ပါက ဖျက်ပါ။
(၄) ဘယ်ဘက်ရှိ Account အောက်က Gtalk Name များကို Delete လုပ်ပါ။
အထက်ပါအတိုင်းပြုလုပ်ရင် Gtalk Account အမည်များ ပျက်သွားမည် ဖြစ်ကြောင်း ပြောပါလိမ့်မယ်...
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ www.aungsanmks.blogspot.com
www.ledimyethar.com
Facebook မှာ ကိုယ့်ရဲ့ သူငယ်ချင်းစာရင်းကို ဖွက်ထားမယ်
 မင်္ဂလာပါ... သည်နည်းလေးကတော့ သိသူအတော်လေးများတယ်ဗျ.. သိသူတွေတော့ ကျော်သွားလိုက်ကြပါနော်....မသိသေးတဲ့... ညီမလေး တစ်ယောက်
စသုံးခါစမို့  မသိလို့ပါတဲ့  သည်လို နည်းလေးကို ပို့စ်ရေးတင်ပေးပါဆိုလို့  တောင်းဆိုလာတဲ့အတွက်ပါ။
ဒါကတော့  facebook ပေါ်မှာ ရှိတဲ့ ကိုယ့်သူငယ်ချင်းတွေကို  ဘယ်လောက်  ဘယ်၍  ဆိုတဲ့ စာရင်းတွေ
ကို သူများတွေ မသိစေ မမြင်စေခြင်တဲ့  နည်းလေးပါ...ကဲ  ပုံလေးတွေနဲ့ ရှင်းပြလိုက်တယ်နော်...
ဦးစွာ  မိမိတို့  ဖွဘုတ် ကိုဝင်ပါ... 
 အဲမှာ သူငယ်ချင်း  friend 2,200  ဆိုပြီး အရေတွက်နဲ့ပြထားတယ်လေ.. အဲတာလေးကလစ်လိုက်ပါ။
အိုကေ... သူငယ်ချင်းစာရင်းးနဲ့ ပုံတွေ ကျလာပြီဆိုတာနဲ့  သူ့အပေါ်ထောင့်က Edit ဆိုတာကနေ
ကလစ်ပြီး  Edit Privacy ဆိုတာကို ကလစ်ပေးလိုက်ပါနော်....။
သည်လိုလေး ဘောက်လေးကျလာမယ်.. အပေါ်ဆုံးက Friend List ဆိုတာရဲ့...
နောက်က မျှားလေးကနေ  Publish  ဆိုတာလေးကို  Only Me သို့ပြောင်းပေးလိုက်ပါ။
ဒါဆို  ဘူမှ မမြင်တော့ပါဘူးးနော်...အဆင်ပြေပါစေ...
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com 
www.ledimyethar.com 
www.ninilayy.com