Screen Lock ကို မိမိအသံနဲ့ ဖွင့်နိုင်မယ့် App လေးဖြစ်ပါတယ်။
English လို ပြောပြီး ဖွင့်ရပါမယ်။ ကိုယ်နှစ်သက်ရာ English စကားလုံးကို ..
Record လုပ်ပြီး Voice Lock အဖြစ် သတ်မှတ်ပေးနိုင်ပါတယ်။
Voice Lock က မော်ဒယ်မြင့်ဖုန်းတွေမှာ built in အနေဖြင့်ပါတတ်ပါတယ်။
မပါတဲ့ဖုန်းတွေအတွက် ဒီ App လေးနဲ့ လန်းလို့ရသွားတာပေါ့။
Galaxy S3 မှာ ပါတဲ့ Voice Lock ထက်ကို ဒီ App လေးက ပိုမိုက်နေပါတယ်။ English အသံထွက်တော့
ပြီပြင်မှရမယ်။ ကျွန်တော်ဆို လျှာရှည်ပြီး စကားလုံး အများကြီး ပေးမိတာ .. ပြန်ဖွင့်တော့
ငပိသံနဲ့ဆိုတော့ လေးခါလောက်အော်ပြီး ဖွင့်လိုက်ရတယ်:D
လွယ်ကူတဲ့ English အသံထွက်များကိုပဲ သတ်မှတ်တာ
ပိုပြီးအဆင်ပြေတယ်လို့ အကြံပေးပါရစေ။ စမ်းကြည့်ပါ။ Google Voice Search ပါသော
ဖုန်းတော်တော်များများနဲ့ အဆင်ပြေပါတယ်။ Google Voice ကို အသုံးပြုပေမယ့်
offline ပြောနိုင်တာဖြစ်လို့ အဆင်ပြေပါတယ်။ ကိုယ်သတ်မှတ်ထားတဲ့ အင်္ဂလိပ်စကားနဲ့ ဖွင့်တာဖြစ်လို့
ဖုန်းလုံခြုံရေးအတွက် ပိုပြီး စိတ်ချရပါတယ်။ Android 2.3 နှင့်အထက်တွင် အသုံးပြုနိုင်ပါတယ်။ - See more at: http://htuthtut10.blogspot.com/2013/09/voice-lock-screen-apk-for-android.html#sthash.GCuV6h4X.dpuf

No comments:
Post a Comment